ဒီဇင်ဘာ ၄ ရက်နေ့က နယူးယောက်မြို့ရှိ ကျန်းမာရေးအာမခံကုမ္ပဏီကြီးတစ်ခုက စီအီးအို သေနတ်နဲ့ ပစ်ခတ် ခံရပြီး သေဆုံးမှုနဲ့ ပတ်သက်လို့ အသက် ၂၆ နှစ်အရွယ် လူဂီမန်ဂျီနီကို ဒီဇင်ဘာ ၉ ရက်မှာ ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ပါတယ်။

သူ့ကို တနင်္လာနေ့က ပင်ဆယ်ဗေးနီးယားရှိ မက်ဒေါ်နယ်ဆိုင်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး United Healthcare စီအီးအို ဘရိန်းသော်ပဆန် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သံသယရှိတရားခံအဖြစ် စွဲချက်တင် ခံထားရပါတယ်။မသင်္ကာဖွယ် အပြုအမူတွေနဲ့အတူ အသံတိတ်ကိရိယာတပ် လိုင်စင်မဲ့သေနတ်တစ်လက်နဲ့ သက်သေခံအတု အများအပြား ပါရှိတဲ့ မန်ဂျီနီကို စုံစမ်းစစ်ဆေးနေတယ်လို့ ရဲတပ်ဖွဲက ပြောပါတယ်။

မန်ဂျီနီဟာ ဘွဲ့ရတစ်ယောက် ဖြစ်ပြီး ကွန်ပျူတာသိပ္ပံ လေ့လာသူဖြစ်သလို ဗီဒီယိုဂိမ်းကျွမ်းကျင်သူ ပညာတတ်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ကျောပိုးအိတ်ထဲက တွေ့ခဲ့တဲ့ပစ္စတိုနဲ့ အသံတိတ်ကိရိယာဟာ သရီးဒီပုံနှိပ်နည်းပညာနဲ့ တီထွင်ထားတဲ့ တစ္ဆေ သေနတ်ခေါ် ခြေရာခံလို့မရတဲ့ လက်နက်လို့လည်း ရဲတွေက ပြောပါတယ်။

သူဟာ လူသတ်သမားဖြစ်ကြောင်း သူ့စိတ်အခြေအနေကို ဖော်ညွှန်းတဲ့ စာရွက်စာတမ်းတွေကိုလည်း ရဲတွေက ရယူနိုင်ခဲ့တယ်လို့ သိရပါတယ်။ချမ်းသာတဲ့မိသားစုက မွေးဖွားလာတဲ့ မန်ဂျီနီဟာ ကျန်းမာရေးအာမခံစနစ်ကို မကျေနပ်သူလို့ ယူဆရပြီး အမှုကို စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ပါတယ်။