ဆီးကျိတ်ကင်ဆာ ကုသမှုခံယူရတဲ့ အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်ဟာ ဆေးရုံကဆင်းပြီး နောက် ဇန်နဝါရီ ၂၃ ရက်က သူ့အိမ်ကနေ ဗီဒီယိုကွန်ဖရင့်နဲ့ အစည်းအဝေး တက်ရောက်ခဲ့ပါတယ်။ ယူကရိန်း စစ်ဘက်ဆိုင်ရာ လိုအပ်ချက်တွေနဲ့ ပတ်သက်ပြီး နိုင်ငံပေါင်း ၅၀ ကျော်က ကာကွယ်ရေးခေါင်းဆောင်တွေ စုဝေးတဲ့ လစဉ်အစည်းအဝေးကို တက်ရောက်ခဲ့တဲ့ အော်စတင်ဟာ လူမြင်ကွင်းက အတော်ကြာ ပျောက်နေခဲ့ ပါတယ်။
ကုသမှုခံယူခဲ့ပြီး နောက်ဆက်တွဲလက္ခဏာတွေကနေ ပြန်လည်ကောင်းမွန်လာတဲ့ အမှတ်အသားအနေနဲ့ အများ မြင်ကွင်းမှာ ပထမဆုံး ပြန်ပေါ်လာပေမယ့် အစည်းအဝေးအပြီးမှာ အရင်လို အမေရိကန်ဗိုလ်ချုပ်ကြီးတွေနဲ့အတူ သတင်းစာရှင်းလင်းပွဲ မလုပ်နိုင်ခဲ့ပါဘူး။ အသက် ၇၀ အရွယ် အော်စတင်ဟာ မေရီလန်းပြည်နယ်က စစ်ဆေးရုံမှာ ဒီဇင်ဘာ ၂၂ ရက်က ဆီးကျိတ်ကင်ဆာ ကုသမှု ခံယူခဲ့တယ်လို့ ပြောပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းအပါအဝင် နောက်ဆက်တွဲ သက်ရောက်မှုတွေ ကြောင့် ဇန်နဝါရီ ၁ ရက်မှာ ဆေးရုံပြန်တက်ခဲ့ရပါတယ်။ လေးရက်ကြာတဲ့အထိ အော်စတင် ဆေးရုံတက်နေရ တာကို ထုတ်ဖော်ပြောကြားတာ မရှိခဲ့ဘဲ ဘာရောဂါကြောင့် ကုသမှု ခံယူနေတယ်ဆိုတာကိုလည်း ပင်တဂွန် စစ်ဌာနချုပ်က ဇန်နဝါရီ ၉ ရက်အထိ အတိအကျ မဖော်ပြခဲ့ပါဘူး။