အိန္ဒိယစစ်တပ်က အခုသီတင်းပတ်အတွင်း သဘောတူထားတဲ့ အပစ်အခတ်ရပ်စဲရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်ပြီး ပါကစ္စတန်ကို “hotline message” ပေးပို့ခဲ့ကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အပစ်ရပ် သဘောတူညီချက်ရရှိပြီး နာရီပိုင်းအကြာမှာပဲ ” ချိုးဖောက်မှုတွေ” ရှိနေတယ်လို့ ဆိုပါတယ်။ နောက် တစ်ကြိမ် ထပ်ဖြစ်ရင် တုံ့ပြန်သွားမှာဖြစ်သလို ဒီသတိပေးစာက နယူးဒေလီ ရည်ရွယ်ချက်ကို အသိပေးခဲ့တာ ဖြစ်တယ်လို့ အိန္ဒိယထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။ဒါကို ပါကစ္စတန်စစ်တပ်ပြောရေးဆိုခွင့်ရှိသူက “ပါကစ္စတန်စစ်တပ် ဒါမှမဟုတ် လက်နက်ကိုင်တပ်ဖွဲ့တွေက ချိုးဖောက်တာမျိုး မရှိပါဘူးလို့ ပြန်လည်တုံ့ပြန် ပြောဆိုထားပါတယ်။

ဆယ်စုနှစ်တွေအတွင်း နှစ်နိုင်ငံကြား အဆိုးဆုံး စစ်ရေးရင်ဆိုင်မှု ဖြစ်ပွားခဲ့ပြီး ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ လက်နက် ကြီးတွေသုံးပြီး တိုက်ခိုက်ခဲ့ကြတာပါ။ ဒီအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်သာ မရဘူးဆိုရင် လူတွေ သန်းချီ သေကြေကုန်ကြမှာလို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပြောဆိုထားပါတယ်။ လေးရက်ကြာ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုတွေအပြီး အိန္ဒိယနဲ့ပါကစ္စတန်တို့ အပစ်ရပ်သဘောတူညီခဲ့ကြတာ ဖြစ်ပါတယ်။