အစ္စရေးတပ်ဖွဲ့ဝင်တွေက ရဟတ်ယာဉ်တွေနဲ့ ဒရုန်းတွေသုံးပြီး အနောက်ဘက်ကမ်းက နေရာတချို့ကို သြဂုတ် ၂၈ ရက်က စီးနင်းတိုက်ခိုက်ရာမှာ အနည်းဆုံး ပါလက်စတိုင်းကိုးယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း အာဏာ ပိုင်တွေက ပြောပါတယ်။
သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းက ဂျဲနင်းနဲ့ တူလ်ခရမ်မြို့ အပါအဝင် ဧရိယာတွေ ကို အစ္စရေးက အဓိကစစ်ဆင်ရေးတစ်ခု ဆင်နွှဲခဲ့တယ်လို့ ဆိုပါတယ်။
ပါလက်စတိုင်း စစ်သွေးကြွအုပ်စုတွေက တိုက်ခိုက်ရေးသမားတွေကို ချေမှုန်းဖို့ အစ္စရေးတပ်ဖွဲ့က ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။
အခုစီးနင်းတိုက်မှုဟာ အနောက်ဘက်ကမ်းမှာ လများစွာအတွင်း မြင်တွေ့ရတဲ့ အကြီးဆုံးတိုက်ခိုက်မှုဖြစ်ပြီး မကြာသေးခင် ရက်သတ္တ ပတ်တွေအတွင်းကလည်း အဲဒီဧရိယာတွေမှာ သေးငယ်တဲ့ စီးနင်းမှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာက ဟားမာ့စ်တိုက်ခိုက်ရေးသမားတွေနဲ့ စစ်ဆင်နေသလို လက်ဘနွန် တောင်ပိုင်းက အီရန်ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာအုပ်စုနဲ့လည်း တင်းမာမှုတွေ တိုးလာနေပါတယ်။
အောက်တိုဘာ ၇ ရက်က စတင်တဲ့ ဂါဇာစစ်ပွဲနောက်ပိုင်း အရှေ့ဂျေရုဆလင်အပါအဝင် အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဘက်ကမ်းဒေသမှာလည်း လက်နက်ကိုင်အဖွဲ့တွေ၊ တိုက်ခိုက်ရေးသမားတွေနဲ့ အရပ်သာတွေ အပါအဝင် ပါလက်စတိုင်း ၆၂၂ ယောက် သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။