လာမယ့်သီတင်းပတ်အတွင်း အတိုးနှုန်းကို အခြေခံအမှတ် ၂၅ အထိ လျှော့ချနိုင်ဖို့မျှော်လင့်ထားကြောင်း အမေရိကန် ဗဟိုဘဏ်က ထုတ်ပြန်ပါတယ်။

လာမယ့် ဒီဇင်ဘာလ ၁၈ ရက်နေ့မှာ အမေရိကန် ဗဟိုဘဏ်အနေနဲ့ အတိုးနှုန်းကို ၄ ဒသမ ၂၅ ရာခိုင်နှုန်း ကနေ ၄ ဒသမ ၅၀ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ဖို့ မျှော်မှန်းထားတယ်လို့ သိရပါတယ်။ ခန့်မှန်းခြေအရ လက်ရှိမှာ အတိုးနှုန်းလျှော့ချနိုင်ခြေကို ၇၃ ရာခိုင်နှုန်းအထိ သတ်မှတ်ထားပြီး ကျဆင်းလာတဲ့ အလုပ်အကိုင်နှင့် ငွေကြေးဖောင်းပွမှုဆိုင်ရာ အချက်အလက်တွေကြောင့် အခုလို ဆောင်ရွက် ရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဗဟိုဘဏ်အနေနဲ့ ပြီးခဲ့တဲ့ စက်တင်ဘာလနဲ့ နိုဝင်ဘာလ အတွင်းကတည်းက စီးပွားရေးတိုးတက်မှုနှုန်းကိုထိန်းညှိဖို့အတွက် အတိုးနှုန်းလျှော့ချမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဒါ့ကြောင့် အခုလက်ရှိမှာလည်း စီးပွားရေးတိုးတက်မှုနှုန်းကို ထိန်းထားဖို့အတွက် “ ဟန်ချက်ညီသော” ချဉ်းကပ် မှုအဖြစ် အတိုးနှုန်းလျှော့ချမှုတွေ ဆောင်ရွက်မှာဖြစ်တယ်လို့ ဗဟိုဘဏ်က ထုတ်ပြန်ထားပါတယ်။