အစ္စရေး နဲ့ ဟားမာ့စ်အကြား ငါးကြိမ်မြောက် ဓားစာခံ လဲလှယ်မှုအဖြစ် အစ္စရေး ဧားစာခံ (၃) ယောက် နဲ့ ပါလက်စတိုင်း အကျဉ်းသား (၁၈၃) ယောက်ကို စနေနေ့မှာ အပြန်အလှန်လွှတ်ပေးလိုက်ကြပါတယ်။ ပြန်လွတ်မြောက်လာတဲ့ အစ္စရေး အမျိုးသား ဓားစာခံတွေရဲ့ ရုပ်ရည်ပုံပန်း အားနည်းနေတဲ့အပေါ် အစ္စရေး အစိုးရက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။
ပြန်လွတ်မြောက်လာသူတွေဟာ အောက်တိုဘာ (၇) ရက်နေ့ နယ်စပ်ဖြတ်ကျော် အကြမ်းဖက် တိုက်ခိုက်မှုအတွင်း ဟားမာ့စ်က ပြန်ပေးဆွဲသွားတာ ခံရတဲ့ အိုဘတ် ဘန် အနီ ၊ အယ်လီ ရှာရာဘီ နဲ့ အောရ် လဲဗီး တို့ဖြစ်ကြပါတယ်။.သူတိုကို ဂါဇာဒေသမှာ ပြန်ပေးဆွဲ ချုပ်နှောင်ခံရတဲ့ (၄၉၁) ပြည့်တဲ့နေ့မှာ ဒိတ် အယ်လ် ဘာလ မြို့မှာ ဟားမာ့စ်အဖွဲ့က ကြက်ခြေနီအဖွဲ့ထံ လွှဲပြောင်းခဲ့တာပါ။ အဲဒီလွှဲပြောင်းမှုဟာ ပြီးခဲ့တဲ့ အပတ်က အစ္စရေး နဲ့ ထိုင်း ဓားစာခံ တွေ လွှတ်ပေးချိန်က ဖြစ်ပေါ်ခဲ့တဲ့ အုတ်အော်သောင်းနင်းဖြစ်ရပ်နဲ့မတူဘဲ စနစ်တကျ ဖြစ်ပေါ်ခဲ့ပါတယ်။

ဒါပေမဲ့ ဓားစာခံတွေဟာ အားနည်းဖျော့တော့တဲ့ ပုံတွေ့ရလို့ အစ္စရေး အစိုးရ အဲဒီအပေါ်မှာ ပြစ်တင်ရှုတ်ချဲ့ပါတယ်။ အဲဒီ ဓားစာခံ သုံးယောက် ပြန်လွတ်လာပြီးနောက်မှာ အစ္စရေးဘက်ကလည်း အစ္စရေး အကျဉ်းထောင်တွေထဲ ထိန်းသိမ်းထားတဲ့ ပါလက်စတိုင်း အကျဉ်းသား (၁၈၃) ယောက်ကို လွှတ်ပေးခဲ့ပြီး အကျဉ်းသား အများစုဟာ ပုံမှန်မဟုတ်ဘဲ အားနည်းပိန်လှီ ကျန်းမာရေး မကောင်းတဲ့သူတွေ ဖြစ်ကြပါတယ်။