အစ္စရေးနိုင်ငံမြောက်ပိုင်းက ကီရ်ယတ် ရှမိုနာမြို့မှာ အင်္ဂါနေ့က လက်ဘနွန်ဘက်ကနေလာတဲ့ ရော့ကတ်ဒုံးကျည် အများအပြား ကျရောက်ခဲ့လို့ လေကြောင်းရန် ဥဩဆွဲသံတွေကို ကြားခဲရပါတယ်။
ဒုံးကျည်အများစုကို ကြားဖြတ် ပစ်ချနိုင်ခဲ့ပြီး အနည်းငယ်ပဲ ကွင်းပြင်တွေမှာ ကျရောက်ခဲ့ပြီးတော့ မီးလောင်မှုတွေ ဖြစ်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။
အဲဒီ ဒုံးကျည်ပစ်ခတ်မှုကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေး လေတပ်က လက်ဘနွန်တောင်ပိုင်းက ဟစ်ဇ်ဘိုလာ ပစ်မှတ်နှစ်ခုကို တိုက်ခိုက်ခဲ့တယ်လို့ ပြောပါတယ်။
ဟစ်ဇ်ဘိုလာအဖွဲ့က အဲဒီနေ့ မနက်ပိုင်းက ဖြစ်ပေါ်ခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို သူတို့လုပ်ဆောင်တာလို့ တာဝန်ခံပြောဆိုထားပြီး အဲဒီတိုက်ခိုက်မှုက ပြီးခဲ့တဲ့ အပတ်က သတ်ဖြတ်ခံခဲ့ရတဲ့ ဟစ်ဇ်ဘိုလာ ထိပ်တန်းတပ်မှူးအတွက် လက်စားချေတိုက်ခိုက်မှု မဟုတ် သေးကြောင်းလည်း ပြောပါတယ်။