အစ္စရေး နဲ့ ဟားမာ့စ်တို့ အကြား စောင့်မျှော်ခဲ့ရတဲ့ အပစ်အခတ်ရပ်စဲရေးနဲ့ ဓားစာခံ လွတ်မြောက်ရေး သဘောတူညီချက်ဟာ ဒီကနေ့ ဇန်နဝါရီလ ၁၉ ရက်နေ့ ဒေသစံတော်ချိန်မနက် ၈ နာရီခွဲမှာ စတင်အသက်ဝင်မှာဖြစ်ကြောင်း CNN သတင်းမှာရေးသားထားပါတယ်။

အရှေ့အလယ်ပိုင်းမှာ ဖြစ်ပွားနေတဲ့ အစ္စရေးနဲ့ ဟားမာ့စ်တို့ ရဲ့ ၁၅လအကြာ ပဋိပက္ခ ဟာ အဆုံး သတ် တော့မှာဖြစ်ပြီး ကဏ္ဍသစ်တစ်ခုအဖြစ် အစပြုဖွယ်ရှိတဲ့ ကောင်းမွန်တဲ့ အရိပ်လကွဏာ စတင်တော့မှာလည်းဖြစ်ပါတယ်။ဂါဇာကမ်းမြောင်ဒေသမှာ စတင်အသက်ဝင်မယ့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်အရ အစ္စရေးဓားစာခံတချို့ စတင်လွတ်လာတော့မယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောပါတယ်။

အတည်ပြုလိုက်တဲ့အတွက် အဆင့် ၃ ဆင့်ပါ သဘောတူညီချက် ပထမအဆင့်က သီတင်း ခြောက်ပတ်အတွင်း ဂါဇာမှာ တိုက်ပွဲတွေ ခေတ္တရပ်ထားရမှာဖြစ်ပြီး အစ္စရေး ဓားစာခံ ၃၃ ဦးနဲ့ ပါလက်စတိုင်း အကျဉ်းသား ၂၀၀၀ နီးပါး ပြန်လွှတ်ပေးရမှာဖြစ်ပါတယ်။ဒါ့အပြင် ပထမအဆင့်မှာ အစ္စရေးစစ်တပ်တွေအနေနဲ့ ဂါဇာနယ်စပ်တွေဘက်ကို ဆုတ်ခွာပေးရမှာ ဖြစ်တာကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရတဲ့ ပါလက်စတိုင်းတွေ နေရပ်ပြန်နိုင်ကြမှာ ဖြစ်ပါတယ်။ဂါဇာဒေသက ပါလက်စတိုင်းအရပ်သားတွေအတွက် အစားအစာနဲ့ အကူအညီတွေ ၁ ရက်ကို ကုန်တင်ကား အစီး ၆၀၀ လောက် ပို့ပေးခွင့်ရမှာ ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပြောပါတယ်။
ဂါဇာကမ်းမြောင်မှာ အစ္စရေးတိုက်ခိုက်မှုကြောင့် ပါလက်စတိုင်းလူမျိုး ၄၆၀၀၀ ကျော် သေဆုံးခဲ့ပြီး လူဦးရေ ၁၁၀၀၀၀ ကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။