အခုသီတင်းပတ် အစောပိုင်းမှာ ကတိပြုထားတဲ့အတိုင်း ကျန်ရှိနေတဲ့ဖမ်းဆီးခံ အစ္စရေး ဓားစာခံတွေကို အမြန်ဆုံး လွှတ်ပေးဖို့အတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထား ပါတယ်။

အမှုဆောင်အမိန့်တွေကို ဆက်တိုက်လက်မှတ်ရေးထိုးပြီးနောက် အိမ်ဖြူတော်ကနေ မိန့်ခွန်းပြောရာမှာ ကျန်ရှိနေတဲ့ဖမ်းဆီးခံ အစ္စရေး ဓားစာခံတွေကို အမြန်ဆုံး လွှတ်ပေးဖို့ ပြောကြားခဲ့တာဖြစ်ပြီး ဟားမာ့စ် အကြမ်း ဖက်အဖွဲ့ကနေ ဓားစာခံတွေကို လွှတ်မပေးရင် ငရဲပြည်သွားရမယ်လို့ ထရမ့်က ကြုံးဝါးပြောဆိုခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဒေါ်နယ်ထရန့်က ကျန်ရှိနေတဲ့ အစ္စရေးဓားစာခံတွေကို ဖေဖော်ဝါရီလ ၁၅ ရက် နေ့လယ်ပိုင်းလောက်မှာ လွှတ်ပေးဖို့ ဟားမာ့စ်ကို တောင်းဆိုခဲ့ပြီး အပစ်အခတ်ရပ်စဲရေးအတွက်လည်း သတိပေးပြောဆိုခဲ့ပါတယ်။ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အစ္စရေးက ချိုးဖောက်တာကြောင့် ဓားစာခံတွေ ပြန်လွှတ်ပေးဖို့ အချိန်ရွှေ့ဆိုင်းထားတာဖြစ်ကြောင်း ဟားမာ့စ်အဖွဲ့က ပြောကြားထားပါတယ်။