ဂါဇာကမ်းမြှောင်မြောက်ပိုင်း ဘာ့တ်လဟီယာမြိုကို အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၉ ဦးသေဆုံးပြီး လူအချို ဒဏ်ရာရရှိခဲ့တယ်လို ဂါဇာကျန်းမာရေး အာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။မတ်လ ၁၅ ရက်က ပြုလုပ်ခဲ့တဲ့ ဒီလေကြောင်း တိုက်ခိုက်မှုအတွင်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေး စေတနာ့ဝန်ထမ်းတွေနဲ့ ဒီအကူအညီပေးရေး လုပ်ငန်းတွေကို မှတ်တမ်းတင်နေတဲ့ အလွတ်တမ်းဂျာနယ်လစ်တွေလည်း ပါဝင်တယ်လို ပါလက်စတိုင်း ဂျာနယ်လစ် အကာအကွယ်ပေးရေးစင်တာက ထုတ်ပြန်ပါတယ်။

အစ္စရေးရဲ့ ဒီလေကြောင်းတိုက်ခိုက်မှုဟာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၉ ရက် အပစ်အခတ်ရပ်စဲရေး စတင်ချိန်ကစလို အသေအပျောက်အများဆုံး တိုက်ခိုက်မှုဖြစ်ပါတယ်။အစ္စရေးဘက်ကတော့ ဘာ့တ်လဟီယာမှာ အကြမ်းဖက်သမား ၆ ဦးကို သတ်ဖြတ်နိုင်ခဲ့ပြီး ဒီလူတွေက ဂျာနယ်လစ်အဖြစ် အသွင်ယူထားတာလို ထုတ်ပြန်ပါတယ်။ဟားမက်စ်အဖွဲကတော့ လက်နက်မရှိတဲ့ အရပ်သားတွေနဲ့ စေတနာ့ဝန်ထမ်းတွေကို တိုက်ခိုက်တာဟာ နိုင်ငံတကာဥပဒေတွေနဲ့ လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေတွေကို ချိုးဖောက်တာဖြစ်တယ်လို ဆိုပါတယ်။လက်ရှိမှာ အစ္စရေးနဲ့ ဟားမက်စ်အကြား အပစ်အခပ်ရပ်စဲရေး ပထမအဆင့် ပြီးဆုံးသွားပြီဖြစ်ပြီး ဒုတိယအဆင့် စတင်နိုင်ဖို မရေရာတဲ့ အခြေအနေ ရှိနေတာပါ။အစ္စရေးရဲ့ လတ်တလောတိုက်ခိုက်မှုကြောင့် အပစ်အခတ်ရပ်စဲရေးက ပိုမရေရာတဲ့ အခြေအနေဖြစ်လာပြီး လူသားချင်းစာနာမှုဆိုင်ရာ စိုးရိမ်မှုတွေလည်း တိုးလာပါတယ်။