ဂါဇာကမ်းမြောင်အလယ်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် မိသားတစ်စုထဲက မိခင်တစ်ယောက် နဲ့ သူ့ရဲ့ကလေးခြောက်ယောက်အပါအဝင် ပါလက်စတိုင်း ၁၁ ယောက် သေဆုံးခဲ့တယ်လို့ ပါလက်စတိုင်း ကျန်းမာ ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။
သေဆုံးသူတွေအတွက် အဲလ်အာဆာ အာဇာနည်ဆေးရုံမှာ အမျိုးသမီးနဲ့ ကလေးငယ်တွေ ငိုယိုနေတာကို မြင်တွေ့ရပါတယ်။ ဒီဖြစ်ရပ်တွေကြောင့် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အကောင်းမြင်တယ်လို့ ပြောဆိုခဲ့ပေမယ့် အစ္စရေးနဲ့ ဂါဇာ အပစ်ရပ်စဲရေး ဆွေးနွေးမှုဟာ တိုးတက်မှုရှိနေတယ်လို့ ခန့်မှန်းချက်တွေက ထင်ယောင်ထင်မှားဖြစ်စေတယ်လို့ ဟားမာ့စ်က ဖော်ပြခဲ့ပါတယ်။

အစ္စရေး စေ့စပ်ညှိနှိုင်းရေးမှူးတွေ သဘောတူညီချက်ဆီ ဦးတည်နေလို့ သတိကြီးကြီးနဲ့ အကောင်းမြင်တယ်လို့ စနေနေ့မှာ အစ္စရေးဝန်ကြီးချုပ်ရုံးကလည်း ပြောဆိုခဲ့ပါတယ်။
ဒါပေမဲ့ ဟားမာ့စ်အကြီးတန်းအရာရှိတစ်ယောက်က တိုးတက်မှု မရှိဘဲ ကြားဝင်ဖျန်ဖြေသူတွေဟာ ထင်ယောင်ထင်မှားတွေ ထုတ်ပြန်နေတာသာဖြစ်တယ်လို့ အစောပိုင်းမှာ ပြောထားပါတယ်။
ဟားမာ့စ်ရဲ့ အောက်တိုဘာ ၇ ရက် အကြမ်းဖက်မှုနောက်ပိုင်း ဂါဇာကို အစ္စရေးရဲ့ လက်တုံ့ပြန်မှု ကြောင့် အများစု အရပ်သားတွေဖြစ်တဲ့ သေဆုံးသူ ပါလက်စတိုင်း ၄၀၀၀၀ ကျော်သွားပြီလို့ ဂါဇာဘက်က ထုတ်ပြန်ခဲ့ပါတယ်။
အစ္စရေးဘက်ကလည်း ဟားမာ့စ် တိုက်ခိုက်ရေးသမား ၁၇၀၀၀ ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ပြောပါတယ်။