သမ္မတ ဒေါ်နယ်ထရန့်ဟာ အမေရိကန်ပြည်ထောင်စုရှိ အစိုးရဝန်ထမ်းတွေ လျှော့ချဖို့စီစဉ်နေကြောင်း BBC သတင်းမှာ ရေးသားထားပါတယ်။ ထရမ့်လက်ထက်မှာ ပြုပြင်ပြောင်းလဲဖို့အတွက် အဓိကအားထုတ်မှုတစ်ခု အနေနဲ့ အစိုးရဝန်ထမ်းတွေနဲ့ ဖယ်ဒရယ်အလုပ်သမားတွေ ရာထူးကနေ နုတ်ထွက်ပြီး လစာငွေ ရှစ်လစာ ရယူနိုင် ဖို့အတွက် ရွေးချယ်ခွင့်တွေ ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

အမေရိကန်အစိုးရဝန်ထမ်းတွေအနေနဲ့ စက်တင်ဘာလ နောက်ဆုံးထားပြီး အထူးခံစားခွင့်နဲ့ အလုပ်ကနေ ထွက်ချင်ရင်ထွက်ကြဖို့ ကမ်းလှမ်းတဲ့ ညွှန်ကြားချက်တစ်ရပ်ကို သမ္မတထရမ့်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
အစိုးရ၀န်ထမ်းအားလုံးနီးပါး စက်တင်ဘာလကုန်ထက် နောက်မကျစေဘဲ “ ရွှေ့ဆိုင်းနုတ်ထွက်ခြင်း” အစီအစဉ် တစ်စိတ်တစ်ပိုင်းကို လာမယ့် ဖေဖော်ဝါရီလ ၆ ရက်နေ့ နောက်ဆုံးထားပြီး ဆုံးဖြတ်ဖို့အတွက် တောင်းဆိုထား တာလည်း ဖြစ်ပါတယ်။

အဲဒီအစီအစဉ်က အမေရိကန်ပြည်ထောင်စုအစိုးရအတွက် ဒေါ်လာဘီလီယံ ၁၀၀ အထိ သက်သာခွင့်ရရှိမှာ ဖြစ် သလို အသုံးစရိတ်ကိုလည်း ချွေတာနိုင်မှာဖြစ်တယ်လို့ အကြီးတန်းအရာရှိတွေက အမေရိကန် ပြည်ထောင်စုမှာ ရှိတဲ့ သတင်းဌာနတွေကို ပြောကြားခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုအစိုးရရဲ့ အသုံးစရိတ်ချွေတာမယ့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် (၈)လစာ လစာ ပေးပြီး အစိုးရဝန်ထမ်းအရေအတွက် လျှော့ချဖို့ ရည်ရွယ်ချက်နဲ့ ညွှန်ကြားခဲ့တာဖြစ်တယ်လို့ ထရမ့်က ပြောကြား ထားပါတယ်။