အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်အောက်မှာ ကြီးမားတဲ့ အရည်လှောင်ကန်တစ်ခု ရှိနေနိုင်တယ်လို့ လေ့လာမှုတစ်ရပ်က သြဂုတ် ၁၂ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။

နာဆာရဲ့ အင်္ဂါဂြိုဟ်ဆင်းယာဉ် InSight ဆီက အချက်အလက်တွေကို အသုံးပြုပြီး လေ့လာခဲ့တာလို့ သိရပါတယ်။ ကျိုးကြေနေတဲ့ မီးသင့်ကျောက်တွေအတွင်း အင်္ဂါဂြိုဟ်မျက်နှာပြင် အောက် ၇ ဒသမ ၂ မိုင်ကနေ ၁၂ ဒသမ ၄ မိုင် အကွာမှာရှိတဲ့ ရေလှောင်ကန်ဟာ ကမ္ဘာမြေမျက်နှာပြင် တစ်ခုလုံး ကို ဖုံးလွှမ်းသွားမယ့် သမုဒ္ဒရာတစ်ခုကို ရေဖြည့်နိုင်မှာ ဖြစ်ပါတယ်။

အင်္ဂါဂြိုဟ်ရဲ့ မျက်နှာပြင်အောက်က အဲဒီ အရည်တွေဟာ အရင်ခေတ်ဖြစ်စေ အခုခေတ်ဖြစ်စေ အဏုဇီဝသက်ရှိတွေ ရှင်သန်နေထိုင်ဖို့ အခွင့်သာတဲ့ အခြေအနေတွေ ပေးစွမ်းနိုင်တယ်လို့ သုတေသီတွေက ပြောပါတယ်။

၂၀၁၈ ခုနှစ်ကတည်းက အင်္ဂါဂြိုဟ်ပေါ်မှာ မြေငလျင်ဆိုင်ရာနဲ့ အပူသယ်ဆောင်မှု အပါအဝင် စူးစမ်းမှုတွေကို Geodesy InSight ယာဉ်ကို အသုံးပြု ရှာဖွေခဲ့ တာပါ။

လေးနှစ်ကျော် ငလျင်ဒေတာ တိုင်းတာမှုတွေအရ မျက်နှာပြင်အောက်မှာ ရှိတဲ့အရာတွေကို ဆုံးဖြတ်ပေး နိုင်မှာ ဖြစ်ပါတယ်။
အခု ရှာဖွေတွေ့ရှိမှုက ကမ္ဘာမြေအပြင်ဘက်က သက်ရှိတွေကို ရှာဖွေရေးလုပ်ငန်းစဉ်အတွက် တိုးတက်လာစေပြီး အင်္ဂါဂြိုဟ်ရဲ့ ရှေးဟောင်းသမုဒ္ဒရာတွေအတွင်း ဖြစ်ပျက်ခဲ့တာတွေကို စူးစမ်းနိုင်မယ်လို့ သိရပါတယ်။