အင်ဒိုနီးရှားနိုင်ငံမြောက်ပိုင်း မာလူကူပြည်နယ် တာနတ်ဒေသမှာ တနင်္ဂနွေနေ့က ရေကြီးရေလျှံမှုနဲ့အတူ မြေပြို မှုတွေ ဖြစ်ခဲ့ရာမှာ အနည်းဆုံး လူ(၁၃)ယောက်သေပြီး (၆)ယောက် ပျောက်ဆုံးနေတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ တွေက ပြောပါတယ်။
ရွှံ့နွံတွေအောက်ရောက်သွားတဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက မြေတူး စက်တွေနဲ့ တူးဆွ ရှာဖွေမှုတွေ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ ပြုလုပ်ခဲ့ကြပါတယ်။
မာလူကူပြည်နယ်မှာ လွန်ခဲ့တဲ့ စနေနေ့ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့တာနဲ့အတူ ရေကြီးမှုတွေဖြစ်ပေါ်ခဲ့လို့ ဒေသခံတွေကို မိုးလေဝသ သတင်းတွေ အမြဲမပြတ် သတိပြုနားထောင်ပြီးတော့ သဘာ၀ဘေးရန်ကို ဂရုပြုကြဖို့ အင်ဒိုနီးရှား သဘာ၀ဘေး အန္တရာယ် စီမံခန့်ခွဲရေးအေဂျင်စီ(BNPB)က နှိုးဆော်ထားပါတယ်။

သဘာ၀ဘေးသင့်တဲ့နေရာတွေမှာ ဒေသခံတွေ ကို နေရာရွှေ့ပြောင်းပေးဖို့အတွက် ကယ်ဆယ်ရေးအဖွဲ့တွေ စေလွှတ်ထားကြောင်းလည်း ပြောပါတယ်။
ပြီးခဲ့တဲ့ မေလတုန်းက အင်ဒိုနီးရှားနိုင်ငံ အနောက်ဆူမတြားပြည်နယ်မှာ ဆိုးရွားတဲ့ ရေကြီးမြေပြိုမှုတစ်ခု ဖြစ်ခဲ့ရာမှာ လူပေါင်း(၆၀)ကျော် သေဆုံးခဲ့ရပါတယ်။