အင်ဒိုနီးရှားနိုင်ငံကို သယ်ဆောင်လာလာတဲ့ ဆေးခြောက်မှောင်ခိုကိစ္စနဲ့ ဆက်နွှယ်သူနှစ်ယောက်ကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့နဲ့ အကောက်ခွန်တွေက ဖမ်းဆီးလိုက်ကြောင်း အာဏာပိုင်တွေက သြဂုတ် ၅ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံကနေ ဗြိတိန်ကို ပို့ဆောင်ဖို့ အင်ဒီနီးရှားကတစ်ဆင့် မူးယစ်ဆေးဝါး ဖြတ်သန်းသယ်ဆောင်တဲ့ လမ်းကြောင်းမှာ တားဆီးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ထိုင်းကနေ ဆေးခြောက်ကို အင်ဒိုနီးရှားကို အရင်ပို့ပြီး ဥရောပကို ထပ်မံပို့ဆောင်တာဟာ ဖြစ်စဉ်အသစ်လို့ အင်ဒိုနီးရှား အမျိုးသားမူးယစ်ဆေးဝါးအေဂျင်စီ အကြီးအကဲ မာသီနပ်စ် ဟူခွမ်က သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

စစ်ဆင်ရေးအတွင်း ရူပီယာ ၂၅ ဘီလီယံ တန်ဖိုး ရှိ ဆေးခြောက် ၁၁၃ ကီလိုဂရမ်လောက်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။
ဆေးခြောက်တွေဝှက်ထားတဲ့ အိပ်ရာအဖုံးနဲ့ ကြောင်ရုပ်ကစားစရာအထုပ်တွေ လက်ခံရရှိတဲ့ အင်ဒိုနီးရှားနိုင်ငံက သံသယရှိသူနှစ်ယောက်ကို ဖမ်းမိထားပြီး ပေးပို့တဲ့ ထိုင်းအမျိုးသားကို ရဲတပ်ဖွဲ့က ဆက်လက် ရှာဖွေနေပါတယ်။
အင်ဒိုနီးရှားရဲ့ တင်းကျပ်တဲ့ မူးယစ်ဆေးဝါးဥပဒေအရ အပြစ်ရှိကြောင်း တွေ့ရှိရင် သေဒဏ် ဒါမှမဟုတ် ထောင်ဒဏ်တစ်သက် ချမှတ်ခံရနိုင်ပါတယ်။