အကြမ်းမဖက်တဲ့ ရာဇ၀တ်မှုတွေနဲ့ ပြစ်ဒဏ်ကျခံနေတဲ့ အမေရိကန်နိုင်ငံသား ၃၉ ယောက်ကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တယ်လို့ BBC သတင်းမှာ ရေးသားထားပါတယ်။

ဒါ့အပြင် ဒေါ်လာ သန်းပေါင်းများစွာ လိမ်လည်မှုတွေနဲ့ ပြစ်ဒဏ်ကျနေတဲ့ အကျဉ်းသား ၁,၅၀၀ နီးပါးကိုလည်း ပြစ်ဒဏ် လျှော့ပေါ့ ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါဟာ သမ္မတဂျိုးဘိုင်ဒန် အနေနဲ့ အိမ်ဖြူတော်မှာ တစ်ရက်တည်း ကတိက၀တ်ပြုမှု အများဆုံး လုပ်ရပ်တစ်ခုလည်း ဖြစ်ပါတယ်။အခုလို လွတ်ငြိမ်းချမ်းသာခွင့်ပေးတာဟာ အကျဉ်းသားတွေအနေနဲ့ အမှောင်ထုထဲကနေ “ အောင်မြင်တဲ့ ပြန်လည်ထူထောင်ရေးတွေ ဆောင်ရွက်ပြီး ပိုမိုခိုင်မာလုံခြုံတဲ့ ကတိကဝတ်တွေ ဆောင်ရွက်နိုင်ဖို့အတွက် ရည်မှန်းထားတာဖြစ်တယ်လို့ ဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။

လျှော့ပေါ့ပေးတဲ့ပြစ်ဒဏ်တွေထဲမှာ Covid-19 ကပ်ရောဂါကာလအတွင်း ချုပ်နှောင်ခံထားရတဲ့ အကျဉ်းသားတွေ အများဆုံးပါဝင်ပြီး အခွင့်အရေးပေးတဲ့အနေနဲ့ ပြစ်ဒဏ်တွေ လျှော့ပေါ့ပေးခဲ့တာဖြစ်တယ်လို့ သမ္မတဂျိုးဘိုင်ဒန်က ပြောကြားထားပါတယ်။