ဒေါ်နယ်ထရမ့်နဲ့ ကာမာလာ ဟဲရစ်တို့ရဲ့ ပထမအကြိမ် စကားစစ်ထိုးပွဲအပြီးမှာ ဟဲရစ်ကို မဲပေးသွားမယ်လို့ ပေါ့ပ် အဆိုတော် တေလာဆွစ်ဖ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
အသက် (၃၄)နှစ်အရွယ် တေလာဆွစ်ဖ်က သူဟာ ဟဲရစ်နဲ့ ဒုသမ္မတလောင်း တင်မ် ဝေါ့(ဇ်)တို့ဟာ သူရဲ့ ဆန္ဒမဲကို ရရှိမှာဖြစ်တယ်လို့ သူ့ရဲ့ ပရိသတ်ပေါင်း ၂၈၃ သန်း ကျော်ကို လူမှုကွန်ရက်ကနေတစ်ဆင့် အသိပေးပြောဆိုခဲ့တာပါ။
အဲဒီ ပို့စ်မှာ တေလာဆွစ်ဖ်က အခုရွေးကောက်ပွဲ မှာ ပထမဆုံး မဲထွက်ပေးကြမဲ့ သူတွေအနေနဲ့ မဲဆန္ဒရှင် အမည်စာရင်းကို မှတ်ပုံတင်ထားကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
အဲဒီလို ပြိုင်ဘက်ဖြစ်သူ ဟဲရစ်ကို ထောက်ခံမှုအပေါ် ဒေါ်နယ်ထရမ့်ကတော့ သူဟာ တေလာဆွစ်ဖ်ရဲ့ ပရိသတ်မဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။
တေလာဆွစ်ဖ်ဟာ ၂၀၂၀ ပြည့်နှစ်တုန်းကလည်း သမ္မတ ဂျိုးဘိုင်ဒန်ကို ထောက်ခံခဲ့ပါတယ်။
ဟောလိ၀ုဒ် သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေ၊ ရုပ်ရှင်ဖန်တီးသူတွေကလည်း ကယ်လီဖိုး နီးယားပြည်နယ်က ဆီးနိတ်အမတ်ဟောင်းတစ်ယောက်ဖြစ်တဲ့ ဟဲရစ်ကို သူတို့ရဲ့ နယ်ခံ ရွေးကောက်ပွဲကိုယ်စား လှယ်လောင်းတစ်ယောက်အဖြစ် ရှုမြင်ထားကြောင်း ပြောကြားခဲ့ကြပါတယ်။