အစ္စရေးနိုင်ငံတကာလေဆိပ်အနီးကို ဟူသီအဖွဲ့တွေက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ခရီးသည်တွေ အကြား အထိတ်တလန့် ဖြစ်ပွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။ ဟူသီဘက်က ပစ်လွှတ်လိုက် တဲ့ ဒုံးကျည်တစ်စင်းဟာ နိုင်ငံရဲ့အဓိကနိုင်ငံတကာလေဆိပ်အနီးကို ကျရောက်ခဲ့တာပါ။

အခုလို ဒုံးကျည်နဲ့ ပစ်ခတ် တိုက်ခိုက်တဲ့ ဟူသီအဖွဲ့မှာ တာဝန်ရှိကြောင်းနဲ့ ဒါကို လက်တုံ့ပြန်သွားမှာ ဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုုပ်က ပြောဆိုခဲ့ပါတယ်။ ယီမင်က ပစ်လွှတ်လိုက်တဲ့ ဒုံးကျည်ကို ကြားဖြတ်ဟန့်တားမှု မအောင်မြင်တာကြောင့် အစ္စရေးရှိ အဓိက နိုင်ငံ တကာလေဆိပ်ကို ခေတ္တပိတ်ခဲ့ရပြီး ဟူသီသူပုန်တွေဘက်က ပစ်ခတ်လာမယ့် တိုက်ခိုက် မှုတွေကို ဆက်လက် တားဆီးဟန့်တားနိုင်ဖို့အတွက် စီစဉ်ပြီဖြစ်တယ်လို့လည်း ပြောကြားခဲ့ပါတယ်။

ဂါဇာကမ်းမြောင်မှာ ပြင်းထန်တဲ့ စစ်ဆင်ရေးကို ချဲ့ထွင်နေတဲ့ အစ္စရေးကို တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံမှာရှိတဲ့ လေဆိပ်တွေကို အကြိမ်ကြိမ်ပစ်မှတ်ထား တိုက်ခိုက်နေသလို လေကြောင်း ပိတ်ဆို့မှုတွေကိုလည်း ဟူသီတွေက ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နေတာဖြစ်ပါတယ်။ တစ်ဖက်မှာလည်း အစ္စရေးက ဟူသီတွေရဲ့ ပင်မလေဆိပ်ကို တိုက်ခိုက်နေပြီး အချိန်နဲ့ နေရာအလိုက် လက်တုံ့ပြန်သွားမှာဖြစ်တယ်လို့ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဆိုရှယ်မီဒီယာ ပလက်ဖောင်း X မှာ ပြောကြားခဲ့ပါတယ်။