နိုင်ငံမှာ သက်တမ်းအရင့်ဆုံးနဲ့အကြွယ်ဝဆုံး တက္ကသိုလ်ဖြစ်တဲ့ ဟားဗတ်တက္ကသိုလ်ဘက်က ထရမ့်အစိုးရရဲ့ တောင်းဆိုမှု များစွာကို လက်မခံမချင်း အနာဂတ်သုတေသနနဲ့ အခြားပံ့ပိုးမှု များစွာအတွက် ဘီလီယံနဲ့ချီတဲ့ ရန်ပုံငွေတွေကို ရပ်ဆိုင်းလိုက်ကြောင်း အမေရိကန်ပညာရေးဝန်ကြီးဌာနက အကြောင်းကြားခဲ့တယ်လို့ အကြီးတန်းအရာရှိတစ်ယောက်က ပြောကြားလာတာကို Reuters သတင်းမှာ ဖော်ပြထားပါတယ်။

အဲဒီအရေးယူဆောင်ရွက်မှုက ဥပဒေအဖွဲ့အစည်းတွေနဲ့ တက္ကသိုလ်တွေအထိ ဘယ်အဖွဲ့အစည်းမဆို မူဝါဒ ပြောင်း လဲမှုတွေ မဖြစ်မနေ လုပ်ဆောင်ကြရမှာဖြစ်ပြီး မလုပ်ဆောင်ရင် ဘီလီယံနဲ့ချီတဲ့ အစိုးရအထောက်အပံ့တွေ ဆုံးရှုံး စေနိုင်တယ်ဆိုတဲ့အချက်ကို အသုံးပြုလာတာက ထရမ့်အစိုးရရဲ့ နောက်ဆုံးအားထုတ်မှု ဖြစ်တယ်ဆိုတာကို ကိုယ်စားပြုနေတာ ဖြစ်ပါတယ်။

ဟားဗတ်တက္ကသိုလ် ပြောခွင့်ရသူတစ်ယောက်ကတော့ ဟားဗတ်တက္ကသိုလ်ဘက်ကနေ အမေရိကန်ပြည်သူတွေ အတွက် ပိုမိုဘေးကင်းလုံခြုံစေတဲ့ သုတေသနနဲ့ဆန်းသစ်တီထွင်မှုတွေအပေါ် အစိုးရရဲ့ တရားမဝင် အလွန်အကျွံ့ တုံ့ပြန်မှုတွေကို ဆက်လက်ဆန့်ကျင်သွားမှာပါလို့ ပြောကြားခဲ့ပါတယ်။အဲဒီနောက် တက္ကသိုလ်အတွက် အစိုးရထောက်ပံ့ငွေ ၂ ဒသမ ၃ ဘီလီယံ ရပ်ဆိုင်းမှုအပေါ် ထရမ့်အစိုးရကို ဟားဗတ်တက္ကသိုလ်ဘက်မှ တရားစွဲဆိုခဲ့ပြီး တက္ကသိုလ်အတွင်း ခွဲခြားဆက်ဆံမှုတွေကို အရေးယူဖို့ ကတိပေး သွားခဲ့ပါတယ်။