အားအလွန်ကောင်းတဲ့ ဟာရီကိန်း မုန်တိုင်း ဘဲရင်းလ်ဟာ ကာရစ်ဘီယံပင်လယ် အရှေ့ပိုင်းက ကျွန်းတွေကို ဖြတ်သန်းမွှေနှောက်ပြီးတဲ့နောက် အင်္ဂါနေ့မှာ ဂျာမေကာနိုင်ငံဆီကို အင်အားအဆင့်(၄) မုန်တိုင်းအဖြစ်နဲ့ ဦးတည် နေပါတယ်။

ဟာရီကိန်း ဘဲရင်းလ်ဟာ အချိန်တိုတွင်း မြန်မြန်ဆန်ဆန် အားအလွန်ကောင်းတဲ့ ဟာရီကိန်းအဖြစ် အသွင်ပြောင်းလဲရောက်ရှိတာဟာ ရာသီဥတုပြောင်းလဲမှုရဲ့ စနက်ကြောင့်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပြုကြ ပါတယ်။

၂၀၂၄ ခုနှစ် အတ္တလန္တိတ် ဟာရီကိန်းမုန်တိုင်း ရာသီရဲ့ ပထမဆုံး မုန်တိုင်းဖြစ်သလို အားအလွန်ကောင်း တဲ့ မုန်တိုင်းအဆင့်ကို မြန်မြန်ဆန်ဆန် အချိန်စောပြီး ရောက်ရှိတဲ့ မုန်ုတိုင်းအဖြစ် စံချိန်တင်ခဲ့တဲ့ ဘဲရင်းလ်ဟာ စိန့်ဗင်းဆင့်နဲ့ ဂရီနာဒင်း(စ်)ကျွန်းတွေကို ဝင်ရောက်တိုက်ခတ်သွားခဲ့ပါတယ်။

မုန်တိုင်းအရှိန်ပြင်းထန်မှုကြောင့် အဲဒီကျွန်းတွေပေါ်မှာ ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့ပါတယ်။ လတ်တလောမှာ မုန်တိုင်းဖြစ်စဉ်အတွင်း သေဆုံး သူ (၃)ယောက်ရှိထားပြီး လျှပ်စစ်ဓာတ်အားပြတ်တောက်မှုနဲ့ ရုတ်တရက် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။