မလေးရှားနိုင်ငံ ကွာလာလမ်ပူရ်မြို့တော်က အားကစားရုံမှာ ဟားမာ့စ်ခေါင်းဆောင် အစ္စမေးလ် ဟာနီယက် လုပ်ကြံသတ်ဖြတ်ခံရမှုကို တုံ့ပြန်တဲ့ တနင်္ဂနွေနေ့က ဆန္ဒဖော်ထုတ်ပွဲကို မလေးရှား ပြည်သူ ၁၂၀၀၀ ကျော် ပါဝင်တက်ရောက်ခဲ့ပါတယ်။
ဟာနီယက် သေဆုံးတဲ့သတင်းကို ကြားလိုက်ရချိန်မှာ ထိတ်လန့်ခဲ့ရပြီး ဂါဇာဒေသ ထဲက အခြေအနေတွေအတွက် စိုးရိမ်စိတ်ဖြစ်ခဲ့ရတယ်လို့ မလေးရှားမွတ်ဆလင် တစ်ယောက်ဖြစ်တဲ့ အသက် (၄၀)အရွယ် အိုင်ရှာလီ က မျက်ရည်တွေနဲ့ ပြန်ပြောင်းပြောပြပါတယ်။
အပစ်ရပ်စဲရေး အစီအမံကို ဆွေးနွေးပွဲ စားပွဲပိုင်းပေါ် ဆွေးနွေးနေချိန်မှာ စေ့စပ်ညှိနှိုင်းရေးလုပ်နေသူ အသတ်ခံလိုက်ရတာမလို့ အပစ်ရပ်စဲရေး ရှေ့ဆက် လုပ်နိုင်မလားဆိုတာ မသေချာမရေရာ ဖြစ်နေကြောင်း သူက ပြောပါတယ်။
အဲဒီ ပါလက်စတိုင်းနဲ့အတူ သွေးစည်း ညီညွတ်ကြောင်း ပြသတဲ့ ဆန္ဒဖော်ထုတ်ပွဲမှာ မလေးရှားဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်နဲ့ အစိုးရ တာဝန်ရှိသူတွေ တက်ရောက်ခဲ့တာကို မြင်တွေ့ရပါတယ်။
ဟားမာ့စ်ရဲ့ နိုင်ငံတကာ သံခင်းတမန်ခင်းကို ရှေ့ထွက် ကိုင်တွယ်သူ ဟာနီယက်ဟာ ပြီးခဲ့တဲ့အပတ် ဗုဒ္ဓဟူးနေ့က အီရန်နိုင်ငံ တီဟီရန်မြို့တော်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရပါတယ်။
အဲဒီတိုက်ခိုက်မှုကို အစ္စရေးက လုပ်ဆောင်ခဲ့တာလို့ အီရန်နဲ့ ဟားမာ့စ်စစ်သွေးကြွ အဖွဲ့တို့က စွပ်စွဲထားပြီး လက်တုံ့ပြန် သွားမယ်လို့ ကြုံးဝါးထားကြပါတယ်။