စကော့တလန်က သုတေသီ အဖွဲ့တစ်ဖွဲ့ဟာ ဟက်ကာတွေက တိုက်ခိုက်မှု လုပ်လို့မရနိုင်တဲ့ အမျိုးသား ကွန်တမ် ကွန်ပျူတာ ကွန်ရက်တစ်ခုကို တည်ဆောက်ပြီး ဒေတာအချက်အလက် လုံခြုံရေးကဏ္ဍကို ကြီးကြီးမားမား ပြောင်းလဲနိုင်ဖို့ မျှော်လင့်ထားကြပါတယ်။
IQN လို့ အတိုကောက်ခေါ်တဲ့ အဲဒီ ကွန်တမ် ကွန်ပျူတာ ကွန်ရက်စနစ် ကို အီဒင်ဘာရာမြို့က ဟဲရီးယော့တ်-ဝတ် တက္ကသိုလ်က သုတေသီ အဖွဲ့တစ်ဖွဲ့ကနေ ဦးဆောင် ပြုသွားလုပ်သွားမှာပါ။
အဲဒီကွန်ပျူတာကွန်ရက်ဟာ ယူကေအစိုးရရဲ့ ဒေါ်လာသန်း ၂၀၀ တန် ရင်းနှီးမြှုပ်နှံမှုရဲ့ တစ်စိတ်တစ်ဒေသ အဖြစ် ကြေညာထားတဲ့ ကွန်ပျူတာ ကွန်ရက် ငါးခုထဲက တစ်ခု ဖြစ်ပါတယ်။
IQN ရဲ့ အဓိက ရည်ရွယ်ချက်ဟာ ဟက်ကာရန်ကို ကာကွယ်ပေးတဲ့စနစ်တွေ အဆင့်မြှင့်တင်ပြီး အနာဂတ်မှာ ကွန်တမ် ကွန်ပျူ တာတွေကို တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ပေးတာကနေ ဆိုက်ဘာ လုံခြုံရေးကို အားကောင်းစေဖို့ ဖြစ်ပါတယ်။
အဲဒီ ကွန်တမ်ကွန်ပျူတာ စနစ်တွေကို တည်ဆောက်ပြီး ကမ္ဘာ့ကွန်တမ်နယ်ပယ်မှာ တီထွင်ဆန်းသစ်မှု ခေါင်းဆောင်အဖြစ် တက်လှမ်းဖို့ လည်း ယူကေအစိုးရက မျှော်မှန်းထားပါတယ်။