သြစတြေးလျနိုင်ငံ Queensland ပြည်နယ်မှာ ဖေဖော်ဝါရီလ ၃ ရက်က ငါးမန်းတိုက်ခိုက်မှုကြောင့် ဆယ်ကျော် သက် မိန်းကလေးတစ်ယောက် သေဆုံးခဲ့ကြောင်း UPI သတင်းမှာ ရေးသားထားပါတယ်။

အသက် ၁၇ နှစ်အရွယ် မိန်းကလေး Charlize Zmuda ဟာ ညနေ ၄ နာရီ ၄၅ မိနစ်ဝန်းကျင် Woorim ကမ်းခြေမှာ ငါးမန်းရဲ့ ပြင်းပြင်း ထန်ထန် တိုက်ခိုက်တာကို ခံခဲ့ရတာကြောင့် ငါးမန်းကိုက်ခံရပြီး ၁၅ မိနစ်ခန့်အကြာ အခင်းဖြစ်ပွား ရာနေရာမှာပဲ သေဆုံးသွားခဲ့တာလို့ ဆိုပါတယ်။ သေဆုံးခဲ့တဲ့မိန်းကလေးနဲ့အတူလိုက်ပါလာပြီး ပျောက်ဆုံးနေတဲ့ ရေလွှာ လျှောစီးသူတွေကို ဆက်လက်ရှာဖွေနေတယ်လို့ သက်ဆိုင်ရာအာဏာပိုင်တွေက ပြောပါတယ်။

အသက်ကယ်ကမ္ဘာ့ချန်ပီယံပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့တဲ့ Charlize ဟာ Woorim ကမ်းစပ်ကနေ ကိုက် ၁၀၀ ခန့်အကွာမှာ ရေလွှာလျှောစီးနေစဉ်အတွင်း ငါးမန်းက လက်မောင်းကို စတင်ကိုက်ပြီး မကြာခင်မှာ သေဆုံးသွားခဲ့ တာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ လက်ရှိမှာတော့ ဝာာဝန်ရှိသူတွေက အခင်းဖြစ်ရေပြင်ရှိ ငါးမန်းတွေကို ဖမ်းဖို့ ဒါမှမဟုတ် နေရာရွှေ့ပြောင်းဖို့ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။