အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်ထိုနီ ဘလင်ကန်ဟာ ဂါဇာမှာ အပစ်ရပ်စဲရေး အခုအပတ်ထဲမှာ ပေါ်ပေါက် လာနိုင်ရေးအတွက် သံတမန်ရေး တွန်းအားပေးမှုတွေလုပ်ဖို့ အစ္စရေးနိုင်ငံ တဲလ်အဗစ်ကို တနင်္ဂနွေနေ့က ရောက်ရှိလာခဲ့ပါတယ်။
အခုခရီးစဉ်ဟာ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စရေတွက်ရင် ဘလင်ကန်ရဲ့ ဆယ်ကြိမ်မြောက် အရှေ့အလယ်ပိုင်း ခရီးစဉ်လည်း ဖြစ်ပါတယ်။

ဘလင်ကန်ဟာ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟု အပါအဝင် အစ္စရေး အဆင့်မြင့်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံမှုတွေ လုပ်သွားမှာဖြစ်တယ်လို့ အမေရိကန် နိုင်ငံခြား ရေးဝန်ကြီးဌာန အကြီးတန်းအရာရှိတစ်ယောက်က ပြောပါတယ်။
အစ္စရေးခရီးစဉ်ပြီးရင် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီး အန်ထိုနီ ဘလင်ကန်ဟာ အီဂျစ်နိုင်ငံကို ဆက်လက်သွားရောက်ဖို့ ရှိနေပါတယ်။