သေဒဏ်ချမှတ်ခံထားရတဲ့ အကျဉ်းသား ၃၇ ယောက်ကို အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က ပြစ်ဒဏ်လျှော့ပေါ့ပေးခဲ့ တာကို BBC သတင်းမှာ ရေးသားထားပါတယ်။

အမေရိကန် ဖက်ဒရယ်တရားရုံးတွေက သေဒဏ် ချမှတ်ထားတဲ့ အယောက် ၄၀ ထဲက ၃၇ ယောက်ကို တစ်သက်တစ်ကျွန်း ပြစ်ဒဏ်အဖြစ် လျှော့ပေါ့ပေးလိုက်ကြောင်း သမ္မတ ဂျိုးဘိုင်ဒန်က တနင်္လာနေ့က ကြေညာလိုက်ပါတယ်။ကြေညာချက်မှာ သမ္မတဘိုင်ဒန်က ပြည်ထောင်စုအဆင့်မှာ သေဒဏ်အသုံးပြုမှုကို ရပ်တန့်ရမယ်ဆိုတဲ့ယုံကြည်ချက်နဲ့ အခုလို ဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ ပြောကြားထား ပါတယ်။ ထရမ့် သမ္မတဖြစ်လာဖို့ ရက်သတ္တပတ် အနည်းငယ်အလိုမှာ အခုလို ကြေညာလိုက်တာလည်း ဖြစ်ပါ တယ်။

အကြမ်းဖက်ဝါဒနဲ့ လူမျိုးရေး ဘာသာရေးကို အခြေခံကာ မုန်းတီးသတ်ဖြတ်မှုတွေကလွဲပြီး ကျန်တဲ့ သေဒဏ် တွေကို လျှော့ပေါ့လိုက်တာလို့ သိရပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ပေးခံရသူတွေထဲမှာ အကျဉ်းသား အချင်းချင်း သတ်ဖြတ်မှုနဲ့ ပြစ်ဒဏ်ကျခံနေရသူ ၉ ယောက်၊ ဘဏ်ဓားပြမှုအတွင်း လူသတ်မှု ၄ မှုနဲ့ ထောင်စောင့်တစ်ယောက်ကို သတ်ဖြတ်ခဲ့သူ တစ်ယောက်တို့ ပါဝင်တယ်လို့ သိရပါတယ်။