သီရိလင်္ကာရဲ့ လက်ရှိသမ္မတ ရာနီ ဝိကရာမီဆင်းဟီဟာ စက်တင်ဘာ (၁၅)ရက် သမ္မတရွေးကောက်ပွဲအတွက် ကိုလံဘို ရွေးကောက်ပွဲကော်မရှင်မှာ တရားဝင်အရွေးခံဖို့ အမည်စာရင်း တင်သွင်းရင်း လူမှုဘဝတွေ တိုးတက် ကောင်းမွန်စေရမယ်လို့ ကတိပြုခဲ့ပါတယ်။

သူ့လုပ်ဆောင်မှုအရ ကုန်ထုတ်လုပ်မှုတိုးလာပြီး လူတွေအတွက် စားစရာနဲ့ သွားစရာလောင်စာတွေ ရလာပေမယ့် တချို့လူတွေရဲ့ဘဝက ခက်ခဲနေဆဲဖြစ်လို့ စီးပွားရေး တည်ငြိမ် အောင် လုပ်ရမယ်လို့ ဝိကရာမီဆင်းဟီက ပြောပါတယ်။

သူ အပါအဝင် သမ္မတလောင်းအဖြစ် အမည်စာရင်း တင်သွင်းတဲ့ ကိုယ်စားလှယ်လောင်း ၃၉ ယောက် ရှိနေပြီလို့ သိရပါတယ်။ အတိုက်အခံခေါင်းဆောင် ဆာဂျစ် ပရီမာဒါဆာနဲ့ မာ့က်စ်ဝါဒအားပြုတဲ့ ပါလီမန်အမတ် အန္နူရာ ကုရမာဒ်သာနာယာက တို့နဲ့အတူ ကိုယ်စားလှယ် လောင်း သုံးယောက်ကို ရှေ့တန်းထွက်သူတွေအဖြစ် ရှုမြင်ကြပါတယ

အသက် ၇၅ နှစ်ရှိ ဝိကရာမီဆင်းဟီဟာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ဘဏ္ဍာရေးအကျပ်အတည်းကြောင့် ကျယ်ပြန့်တဲ့ ကန့်ကွက်မှုတွေ ဖြစ်ပွား ခဲ့လို့ အရင်သမ္မတ ဂိုတာဘာယာ ရာဇာပါစကာ ရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် နိုင်ငံကို ထိန်းကျောင်းခဲ့ပါ တယ်။

စက်တင်ဘာ ၂၁ ရက်မှာ သမ္မတရွေးကောက်ပွဲ ကျင်းပမှာပါ။ ဒီရွေးကောက်ပွဲဟာ နိုင်ငံခြားအရန်ငွေတွေ ကုန်ခန်းသွားပြီး သီရိလင်္ကာ စီးပွားရေးကို အဆီးအတားမဲ့ ကျဆင်းစေကာ ၂၀၂၂ ခုနှစ်က နိုင်ငံခြားကြွေးမြီတွေ ပြန်ဆပ်ဖို့ ပျက်ကွက်ခဲ့ပြီးနောက် ပထမဆုံးကျင်းပတဲ့ ရွေးကောက်ပွဲ ဖြစ်ပါတယ်။