ကက်သလစ် သာသနာပိုင် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က သမ္မတဟောင်း ဒေါ်နယ်ထရမ့်ကိ ရွှေ့ပြောင်းဒုက္ခသည် သန်းပေါင်းများစွာကို နေရပ်ပြန်ပို့မယ့် သူ့ရဲ့အစီအစဉ်ကြောင့် ဝေဖန်လိုက်သလို လက်ရှိ ဒုသမ္မတ ကာမာလာ ဟဲရစ်ကိုလည်း သူရဲ့ ကိုယ်ဝန်ဖျက်ခွင့်အရေး ထောက်ခံမှုကြောင့် ဝေဖန်ပြစ်တင်လိုက်ပါတယ်။
စင်္ကာပူနိုင်ငံကနေ ဗာတီကန်ကို ပြန်တဲ့ သောကြာနေ့ အိမ်ပြန်လေယာဉ်ခရီးစဉ်အတွင်း အမေရိကန်သမ္မတရွေးကောက်ပွဲနဲ့ပတ်သက်ပြီး သတင်းထောက်တွေက မေးမြန်းရာမှာ အခုလို ပြောဆိုခဲ့တာပါ။
ပုပ်က ရွှေ့ပြောင်းတွေကို ကြိုဆိုလက်ခံတာဟာ ကြီးကျယ်တဲ့ အပြစ်မဟုတ်ကြောင်း ၊ ကိုယ်ဝန်တစ်ခုကို ဖျက်ချတာ ကတော့ လူ့အသက်ကို လုပ်ကြံသတ်ဖြတ်မှုနဲ့တူကြောင်း မိန့်ကြားသွားခဲ့ပါတယ်။
ဒီအတွက် လာမယ့် အမေရိကန် သမ္မတ ရွေးကောက်ပွဲမှာ အမေရိကန်ပြည်ထဲက ကက်သလစ် ခရစ်ယာန်တွေ အနေနဲ့ ရွေးကောက်ပွဲမဲထည့်တဲ့အခါ သိပ်မဆိုးရွားတဲ့ ဘက်ကို ရွေးချယ်မဲပေးကြဖို့ မိန့်ကြားခဲ့ပါတယ်။
အဲဒီ သိပ်မဆိုးရွားတဲ့ ဘက် ဆိုတာနဲ့ ပတ်သက်လို့ ပုပ်ရဟန်းမင်းကြီးက အသေးစိတ်ရှင်းလင်း မိန့်ကြားတာမျိုးမလုပ်ပါဘူး။