ဗြိတိန်က နာမည်ကြီး စတုံးဟန့်ဂျ် အမှတ်တရ ကျောက်တုံးကြီးတွေဟာ ရှာဖွေတွေ့ရှိမှုအသစ်အရ ရှေးခေတ် စကော့တလန်ကနေ ၄၃၅ မိုင်ကျော် ၄၆၅ မိုင်လောက်အထိ ခရီးနှင်ပြီး အင်္ဂလန်ကို ရောက်ရှိလာတာလို့ ဖော်ပြခဲ့ပါတယ်။
ခန့်မှန်းခြေ ခြောက်တန်လောက် အလေးချိန်ရှိတဲ့ ကျောက်တုံးကြီးတွေဟာ အင်္ဂလန်က ဆာလီစ်ဗျူရီ လွင်ပြင် ရောက်ရှိခဲ့ပုံကို နာမည်ကြီး တက္ကသိုလ်သုံးခုက သုတေသီတွေက ဖော်ထုတ်ပြီး Nature ဂျာနယ်မှာ ဖော်ပြခဲ့ကြတာပါ။
ကျောက်တုံးကြီးတွေကို သင်္ဘောနဲ့ဖြစ်ဖြစ် ကုန်းလမ်းကဖြစ်ဖြစ် သယ်ယူဖို့ ကြီးမားစွာ အားထုတ်ခဲ့ရမယ်လို့ ပူးတွဲလေ့လာသူ ဘူမိဗေဒပညာရှင်က ပြောပါတယ်။
လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ယူနက်စကို ကမ္ဘာ့အမွေအနှစ်နေရာရှိ တခြားကြီးမားတဲ့ အစိတ်အပိုင်းတွေလိုပဲ ကျောက်တုံးကြီးတွေဟာ ဝေလနယ်က ပေါ်ပေါက်လာတယ်လို့ အများရဲ့ ယုံကြည်ချက်ရှိခဲ့ပါတယ်။
ကျောက်ရဲ့သက်တမ်းကို သိနိုင်ဖို့ ပညာရှင်တွေက ဘူမိဓာတုခြေရာခံခဲ့ပါတယ်။ ကျောက်ထဲက သတ္တုဓာတ်တွေအပေါ် လေဆာရောင်ခြည်ကို လွှတ်လိုက်ပြီး အငွေ့ပျံစေကာ အငွေ့ကို ခွဲခြမ်းစိတ်ဖြာခဲ့ကြရာမှာ ကျောက်တုံးကြီးတွေရဲ့ သတ္တုဓာတ်တွေက စကော့တလန် အရှေ့မြောက်ပိုင်းမှာ တွေ့ရှိရတဲ့ မြေလွှာအောက်ခြေ ကျောက်သားတွေနဲ့ ကိုက်ညီမှုရှိတာ တွေ့ရှိခဲ့ပါတယ်။

ဒါကြောင့် လွန်ခဲ့သောနှစ်ပေါင်း ၄၆၀၀ နဲ့ ၂၅၀၀ လောက်က ဗြိတိန်ခေတ်သစ် အသိုက်အဝန်းတွေကြားမှာ မျှော်လင့်မထားတဲ့ လူမှုအဖွဲ့အစည်းတစ်ခု ရှိနေတာကို ညွှန်ပြနေတယ်လို့ ယူဆကြပါတယ်။
ကျောက်တုံးကြီး တွေကို ဘီစီ ၃၀၀၀ လောက်က စတင်ပြီး နှစ်ပေါင်း ၅၀၀ ကျော် အဆင့်ဆင့် တည်ဆောက်ခဲ့တယ်လို့ ခန့်မှန်း ပါတယ်။
ကျောက်တုံးကြီးတွေရဲ့ အသိရခက်တဲ့ ရည်ရွယ်ချက်အပေါ် စွဲဆောင်မှုနဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နေရာတစ်ခုအဖြစ် ဆက်လက်တည်ရှိနေပြီး ကမ္ဘာတစ်ဝန်းက ခရီးသွားတွေကို ဆွဲဆောင်နေတယ်လို့ သိရပါတယ်။