အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားတောင်ပိုင်း လော့စ်အိန်ဂျယ်လိစ်မှာ တောမီးကြောင့် သေဆုံးသူ၂၄ ယောက်အထိ ရှိလာကြောင်း Reuters သတင်းမှာ ဖော်ပြထားပါတယ်။

ကယ်လီဖိုးနီးယား မိုးလေဝသ ပညာရှင် တွေရဲ့ ပြောကြားချက်အရ တောမီးကို ထိန်းချုပ်ဖို့ မီးသတ်သမားတွေက အပြိုင်အဆိုင် ကြိုးပမ်းဆောင်ရွက်နေ ကြပေမယ့် လေတိုက်နှုန်းကြောင့် ထိန်းချုပ်ဖို့ခက်ခဲနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် လော့စ်အိန်ဂျယ်လိစ်မြို့ တစ်ဝိုက်မှာ အရှိန်ပြင်းပြင်းလောင်ကျွမ်းနေတဲ့တောမီးကို ငြှိမ်းသတ်နိုင်ဖို့အတွက် ကြိုးပမ်းဆောင်ရွက် နေကြရပါ တယ်။

လေတိုက်နှုန်းက လာမယ့် ဇန်နီဝါရီလ ၁၅ ရက်အထိ တစ်နာရီကို ၉၆ ကီလိုမီတာနှုန်းနဲ့ တိုက်ခတ်မှာ ဖြစ်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ အကြီးဆုံးမီးလောင်ကျွမ်းမှုကတော့ ပယ်လီဆေ့ဒ် (Palisades)ဒေသဖြစ်ပြီး အခုအခါ ဧက ၂၃၀၀၀ ကျော် လောင်ကျွမ်းသွားပြီဖြစ်ကြောင်း အာဏာပိုင်တွေက ပြောကြားထားပါတယ်။