စပိန်နိုင်ငံတောင်ပိုင်း မာဘယ်လာမြို့ ပျူတိုဘာနူစ် ကမ်းခြေမှာ အဏ္ဏဝါဇီ၀သိပ္ပံပညာရှင်တွေက လော့ဂါဟတ် ပင်လယ်လိပ်လေးတွေ ဒါဇင်များစွာကို သူတို့ရှင်သန်ကျက်စားရာ ပင်လယ်ပြင်ကြီးထဲ အင်္ဂါနေ့က လွှတ်ပေးခဲ့ကြ ပါတယ်။

ပင်လယ်လိပ်လေးတွေကို ရေထဲ လွှတ်ပေးနေတဲ့မြင်ကွင်းကို ကမ်းခြေမှာ လာရောက် အပန်းဖြေသူတွေ ကလည်း စိတ်ဝင်တစား ကြည့်ရှုပြီး လိပ်တွေအကြောင်း ပညာရှင်တွေရဲ့ ရှင်းပြမှုကို နားထောင်ခဲ့ကြပါတယ်။ လွှတ်ပေးလိုက်တဲ့ ပင်လယ်လိပ်တွေထဲက ဆယ်ကောင်ကို GPS ခြေရာခံစက်တွေ တပ်ဆင်ပေးပြီး ပြန်လွှတ် ပေးခဲ့တာပါ။

ဘေးဒုက္ခတွေ့ရနိုင်ခြေမြင့်မားတဲ့ အဲဒီလိပ်ကလေးတွေရဲ့ သွားလာလှုပ်ရှားမှုကို သိရှိနိုင်ဖို့အတွက် အခုလို ဂျီပီအက်စ် ခြေရာခံစက် တပ်ဆင်ကာ ခြောက်လတာအတွင်း စောင့်ကြည့်သွားမှာဖြစ်တယ်လို့ အဏ္ဏဝါဇီ၀ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

လိပ်မတွေဟာ သူတို့ ပင်လယ်ပြင်ထဲကို စတင်ထွက်ခွာခဲ့ရာ နေရာကို ပြန်လာ ပြီး ဥ ဥလေ့ရှိတာမလို့ အခုလွှတ်ပေးလိုက်တဲ့အထဲက လိပ်မတွေဟာ နောင် နှစ်(၂၀)အကြာမှာ ပျူတိုဘာနူစ် ကမ်းခြေကို ပြန်လာမယ်လို့ မျှော်လင့်ရပါတယ်။