အီရန်ရဲ့အဏုမြူစီမံကိန်းကို အမေရိကန်က ခြိမ်းခြောက်နေတဲ့အချိန်မှာ အီရန်က နောက်ဆုံးပေါ် လောင်စာခဲ စွမ်းအင်သုံး တိုက်ချင်းပစ်ဒုံးပျံ Qassem Basir ကို ထုတ်ဖော်ပြသလာပါတယ်။အဲဒီဒုံးပျံက တိုက်ချင်းပစ်ဒုံးပျံ ကာကွယ်ရေးစနစ် အဆင့်ဆင့်ကို အလွယ်တကူရှောင်ကွင်းဖို့အတွက် တိုးတက်တဲ့ ပဲ့ထိန်းစနစ်နဲ့ ဒုံးကျည်ထိန်းသိမ်းကိုင်တွယ်ရေးစနစ်တွေ ပါတယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ အဲဒီဒုံးကျည်က အနည်းဆုံး ၁၂၀၀ ကီလိုမီတာကို ပစ်ခတ်နိုင်သလို ပစ်မှတ်အများကြီးထဲက ရည်ရွယ်ထားတဲ့ ပစ်မှတ်ကို ခွဲခြားဖော်ထုတ်ပြီး တိုက်ခိုက်နိုင်တယ်လို့လည်း သိရပါတယ်။

ယီမင်က ဟူသီသူပုန်တွေကို အီရန်က ထောက်ခံအားပေးတဲ့ကိစ္စနဲ့ပတ်သက်လို့ သတိပေးတဲ့ ထင်မြင်ချက်တစ်ခု ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး ပိထ်က အိတ်စ်ဆိုရှယ်မီဒီယာမှာ မေလ ၁ ရက်က ပို့စ်တင်ပြောကြားခဲ့ ပါတယ်။ အစ္စရေး ဒါမှမဟုတ် အမေရိကန်က စစ်ပွဲစဆင်နွှဲရင် သူတို့ရဲ့အကျိုးစီးပွားတွေ၊ အခြေစိုက်စခန်းတွေနဲ့ တပ်ဖွဲ့တွေကို လိုအပ်သလို တိုက်ခိုက်မယ်လို့ အီရန်ကာကွယ်ရေးဝန်ကြီးက အဲဒီထင်မြင်ချက်အပေါ် တုံ့ပြန် ပြောဆိုခဲ့ပါတယ်။