ယူကရိန်း လေတပ်ဦးစီးချုပ် မိုင်ကိုလာ အိုလတ်ချ် ချု့(ခ်)ကို ရာထူးကနေ ယူကရိန်း သမ္မတ ဇာလန်ကီးက သောကြာနေ့မှာ ဖယ်ရှားလိုက်ပါတယ်။
အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စင်း ပျက်ကျပြီး လေယာဉ်မှူး သေဆုံးခဲ့ ရတယ်လို့ ယူကရိန်း စစ်တပ်က သတင်းထုတ်ပြန်ခဲ့ပြီးနောက် တစ်ရက်အကြာမှာ လေတပ်ဦးစီးချုပ်ကို ရာထူး ကနေ ဖယ်ရှားလိုက်ကြောင်း ကြေညာချက် ထွက်ပေါ်လာတာပါ။
လေတပ်ဦးစီးချုပ်ကို ရာထူးကနေ ဖယ်ရှားဖို့ ဆုံးဖြတ်ခဲ့ကြောင်းနဲ့ စစ်ဘက်ဆိုင်ရာ လေယာဉ်မှူးတွေအားလုံးကို အမြဲထာ၀ရ ကျေးဇူးတင်ရှိကြောင်း ယူကရိန်း သမ္မတ ဇာလန်စကီးက ပြောပါတယ်။

ဘာကြောင့် ရာထူးကနေ ဖယ်ရှားခဲ့တယ်ဆိုတာကို အကြောင်းပြချက် မပေးဘဲ တပ်ဖွဲ့ဝင်တွေကို ကာကွယ်ပေးရမှာဖြစ်ပြီးတော့ အမိန့်ပေး ကွပ်ကဲမှုစနစ်ကို အားကောင်းခိုင်မာအောင်လုပ်ဖို့ လိုအပ်နေကြောင်းသာ ဇာလန်စကီးက ပြောကြားခဲ့ပါတယ်။
တနင်္လာနေ့က ဖြစ်ပွားခဲ့တဲ့ လေယာဉ်ပျက်ကျမှု ဘာကြောင့်ဖြစ်ရသလဲဆိုတာကို ယူကရိန်း စစ်ဘက်က အကြောင်းပြချက် မပေးထားဘဲ အဲဒီတိုက်လေယာဉ် ဟာ ရုရှား ပစ်မှတ်တစ်ခုကို တိုက်ခိုက်ဖို့ ချဉ်းကပ်နေချိန်မှာ ပျက်ကျသွားခဲ့တာလို့ ထုတ်ပြန်ထားပါတယ်။