လာအိုနိုင်ငံ မြို့တော် ဗီယင်ကျန်းရှိ မဲခေါင်မြစ်ကမ်းနံဘေးမှာ နေထိုင်သူတွေကို မြစ်ရေလျှံတက်လာပြီး မြေနိမ့် ပိုင်းတွေမှာ ရေကြီးရေလျှံမှုတွေ ရှိနေတယ်လို့ စက်တင်ဘာ ၁၃ ရက်မှာ အာဏာပိုင်တွေက သတိပေးထားပါတယ်။
စက်တင်ဘာ ၁၂ ရက်ကနေ ၁၆ ရက်အတွင်း မိုးအဆက်မပြတ်ရွာမယ်လို့ ခန့်မှန်းရပြီး မဲခေါင်မြစ်ရေ ရုတ်တရက် မြင့်တက်လာနိုင်တယ်လို့ ဗီယင်ကျန်းအုပ်ချုပ်ရေးရုံးက စက်တင်ဘာ ၁၂ ရက်မှာ ထုတ်ပြန်ထားပါတယ်။
လွမ်ပရာဘန်းပြည်နယ်မှာ ရေလွှမ်းမိုးမှုအဆင့်ဟာ ရေ ၁ မီတာ မြင့်မားနေဆဲဖြစ်ပြီး ရေဘေးဒဏ် သက်ရောက်မှုဟာ ဗီကင်ကျန်းက ချီအန်ခန်နဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံ နွန်ခိုင်ပြည်နယ်တို့အထိ ပျံ့နှံ့သွားကြောင်း မဲခေါင်မြစ်ကော်မရှင်(MRC)က သောကြာနေ့မှာ ပြောပါတယ်။
မြစ်ရေအခြေအနေဟာ စက်တင်ဘာ ၁၇ ရက်မှာ ပုံမှန်အဆင့်ကို ပြန်မရောက်ခင် စက်တင်ဘာ ၁၆ ရက်မှာ ရေလွှမ်းမိုးမှု အမြင့်ဆုံးဖြစ်မယ်လို့ မဲခေါင်မြစ် ကော်မရှင်က ခန့်မှန်းထားပါတယ်။