ဗြိတိန်နိုင်ငံ လန်ဒန်မြို့အပြင်ဘက်မှာ ဘီဘီစီက မြင်းပြိုင်ပွဲဝေဖန်ရေးဆရာတစ်ယောက်ရဲ့ ဇနီးနဲ့ သမီးတွေဖြစ်တဲ့ အမျိုးသမီး သုံးယောက် အသတ်ခံရပြီးနောက် ဗြိတိန်ရဲတပ်ဖွဲ့ဟာ ကြီးမားတဲ့ရှာဖွေမှုတစ်ခုကို ဇူလိုင် ၁၀ ရက်က စတင်ခဲ့ပါတယ်။

လန်ဒန်မြို့ အနောက်မြောက်ဘက် မိုင် ၂၀ အကွာက ဘတ်စ်ဟေးနေအိမ်မှာ အသက် ၂၅ နှစ်၊ ၂၈ နှစ်နဲ့ ၆၁ နှစ်အရွယ် ဒဏ်ရာရရှိသူ ၃ ယောက်ကို တာဝန်ရှိသူတွေက ဇူလိုင် ၉ ရက် ညပိုင်းမှာ ရှာဖွေတွေ့ရှိခဲ့ပြီး ခဏအကြာ အခင်းဖြစ်နေရာမှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒူးလေးတစ်လက်နဲ့ ပစ်ခတ်တိုက်ခိုက်မှုလို့ သံသယ ရှိကြပြီး အဲဒီအမျိုးသမီးတွေဟာ မြင်းပွဲဝေဖန်ရေးဆရာ ဂျွန်ဟန့်ရဲ့ ဇနီး ကာရိုဟန့်နဲ့ သူတို့ရဲ့ သမီးနှစ်ယောက် ဖြစ်တယ်လို့ BBC က ပြောပါတယ်။

သံသယရှိသူ ကိုင်းလ် ကလစ်ဖို့ဒ်ကို ရဲအရာရှိတွေက ကြီးမားတဲ့ ရှာဖွေမှု တစ်ရပ် လုပ်ဆောင်နေပါတယ်။ အသက် ၂၆ နှစ်အရွယ် ကလစ်ဖို့ဒ်ကို အဖမ်းခံဖို့ ရဲတွေက ထုတ်ပြန်ထားပြီး သူ့အနားကို ချဉ်းကပ်မှု မပြုဖို့ လူထုကို သတိပေးခဲ့ပါတယ်။

ကလစ်ဖို့ဒ်မှာ ဒူးလေးတစ်လက်နဲ့ တခြားလက်နက် တွေ ရှိနိုင်တယ်လို့ ယူဆရပြီး အဖြစ်အပျက်က ကြောက်စရာကောင်းတယ်လို့ ရဲအရာရှိ ဂျွန် ဆင်ပဆန်က သတင်းထောက်တွေကို ပြောဆိုခဲ့ပါတယ်။