အရှေ့တောင်အာရှမှာ ကမ္ဘာလှည့်ခရီးသွားတွေအတွက် သွားရောက်လည်ပတ်ဖို့ အကောင်းဆုံးမြို့အဖြစ် ဘန်ကောက်မြို့ သတ်မှတ်ခံခဲ့ရတယ်လို့ The Nation Thailand က ဖော်ပြပါတယ်။

ဘန်ကောက်မြို့ဟာ အလွန်စည်ကားပြီး လည်ပတ်စရာနေရာတွေ များပြားတဲ့အပြင် ရင်သတ်ရှုမောဖွယ် သဘာဝအလှတရားတွေ ပြည့်နှက်နေတဲ့ ကမ်းခြေတွေနဲ့ သာယာလှပတဲ့ ရှုခင်းတွေကို ပေါင်းစပ်ပေးစွမ်းနိုင်တဲ့ ထိပ်တန်းမြို့ကြီး များစွာ ထဲက နေရာတစ်ခုလည်း ဖြစ်ပါတယ်။

ဒါ့အပြင် လက်ရာမြောက်လှတဲ့ ဘုရားကျောင်းတွေ၊ လူစည်ကားတဲ့ လမ်းတွေ၊ အရသာရှိတဲ့ အစားအစာတွေနဲ့ အသက်ဝင်နေပြီး ခမ်းနားထည်ဝါလွန်းတဲ့ အဆင့်မြင့်အဆောက်အအုံ တွေကြောင့် ခရီးသွားတွေကြားမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။