လက်ဘနွန်ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးဟောင်း ရီအက် ဆလာမက်ဟာ ပွဲစားကုမ္ပဏီတစ်ခုနဲ့ ဆက်နွှယ်တဲ့ ငွေကြေးဆိုင်ရာ ရာဇဝတ်မှုတွေနဲ့ ဘေရွတ်မှာ ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီပြစ်မှုတွေ ကျူးလွန်ခဲ့ ကြောင်း ဆလာမက်အပေါ် နှစ်ပေါင်းများစွာ စွပ်စွဲခဲ့ပြီးနောက် ပထမဆုံး ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ တရားစီရင် ရေးရဲ့ ဆုံးဖြတ်ချက်ကို လေးစားတယ်လို့ လက်ဘနွန်အိမ်စောင့်အစိုးရ တရားရေးဝန်ကြီး ဟင်နရီ ခိုအူရီက စက်တင်ဘာ ၃ ရက်မှာ ပြောဆိုခဲ့ပါတယ်။
ဘဏ်အုပ်ချုပ်ရေးမှူးဟောင်း ဆလာမက်ကို စစ်ဆေးမေးမြန်းခဲ့တာက အစိုးရရှေ့နေတွေရဲ့ လိုအပ်ချက်အရ လုပ်တယ်ဆိုတာ သံသယဖြစ်စရာ မရှိဘူးလို့လည်း ပြောပါတယ်။
အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ ဆလာမက်ဟာ ဗဟိုဘဏ်အုပ်ချုပ်ရေးမှူးအဖြစ် နှစ်ပေါင်း ၃၀ ကြာ တာဝန်ထမ်းဆောင်ခဲ့တာ ပါ။

သူတာဝန်ထမ်းဆောင်ခဲ့တဲ့ နောက်ဆုံးလတွေမှာ လက်ဘနွန်နဲ့ တခြားနိုင်ငံအများအပြားက အာဏာပိုင်တွေရဲ့ ပြည်သူ့ဘဏ္ဍာငွေတွေကတစ်ဆင့် တရားမဝင် ကြွယ်ဝအောင် လုပ်ဆောင်မှု အပါအဝင် ငွေကြေးဆိုင်ရာ ရာဇဝတ် မှုတွေ ကျူးလွန်ခဲ့ကြောင်း စွဲချက်တင်ခံထားရပါတယ်။
သီးခြားအနေနဲ့ ဆလာမက်ရဲ့အစ်ကို ရာဂျာနဲ့ ပတ်သက် တဲ့ ဘဏ္ဍာရေးရာဇဝတ်မှုတွေလည်း ဖြေရှင်းရဦးမှာ ဖြစ်ပါတယ်။