ဂါဇာကမ်းမြောင်ဒေသမှာ ကျန်ရှိနေတဲ့ ဓားစာခံတွေရဲ့ ကံကြမ္မာအတွက် အီရန်က တာဝန်ယူရမယ်လို့ အမေရိကန် အထက်လွှတ်တော်အမတ် လင်းဆေးဂရေဟမ်က စက်တင်ဘာ ၁ ရက်မှာ ပြောကြားလိုက်ပါတယ်။
မိမိတို့အားလုံး ကြိုးပမ်းနေတဲ့ကိစ္စဖြစ်တဲ့ ဓားစာခံတွေ အိမ်ပြန်ရောက်ရေးကိစ္စဟာ အီရန်ဘက်မှာ ပိုတာဝန်ရှိတယ်လို့ စက်တင်ဘာ ၁ ရက် ABC ရုပ်သံရဲ့ အစီအစဉ်တစ်ခုမှာ ပြောဆိုခဲ့တာပါ။
ဂါဇာတောင်ပိုင်းက ဥမင်လိုဏ်ခေါင်း တစ်ခုကနေ ဓားစာခံခြောက်ယောက်ရဲ့ ရုပ်အလောင်းတွေ တွေ့ရှိဆယ်ယူခဲ့တယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ပြီးနောက် အမေရိကန်အမတ်ရဲ့ ပြောဆိုချက်ထွက်လာတာပါ။

အောက်တိုဘာ ၇ ရက်က ဖမ်းဆီးခံခဲ့ရတဲ့ ဓားစာခံ တွေရဲ့ ကံကြမ္မာအတွက် တောင်းဆိုခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က ဓားစာခံအလောင်း ခြောက်လောင်းထဲမှာ အစ္စရေး-အမေရိကန် နှစ်နိုင်ငံသားခံယူးထား တစ်ယောက်လည်း ပါဝင်တယ်လို့ ပြောခဲ့ပါတယ်။
အောက်တို ဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း အီရန်မဟာမိတ် ဟားမာ့စ်တွေက ဓားစာခံ ၂၅၀ လောက် ခေါ်ဆောင်သွားခဲ့ပါ တယ်။ ဂါဇာမှာ အစ္စရေးနဲ့ တခြားနိုင်ငံသား ဓားစာခံ ၁၀၁ ယောက် ကျန်ရှိနေခဲ့ပေမယ့် သူတို့ထဲက သုံးပုံတစ်ပုံလောက် သေဆုံးခဲ့ပြီဖြစ်ပြီး ကျန်တဲ့သူတွေရဲ့ ကံကြမ္မာကိုတော့ မသိရသေးပါဘူး။