တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မြို့တော် ချုံကင်းမှာ ပြင်းထန်တဲ့ အပူဒဏ်ကနေ ခေတ္တခဏ အေးငြိမ်းသက်သာမှု ရနိုင်အောင် ရှီဘာတီလမ်းဟောင်းပေါ်မှာ ကြာသပတေးနေ့က မီတာ ၁၅၀ ရှည်တဲ့ မိုးပြာရောင် ပိတ်စကို ဖြန့်မိုးထားပါတယ်။
အဲဒီပိတ်စအောက်မှာ ခရီးသွား ထောင်ပေါင်းများစွာ ဖြတ်လျှောက်ကြပြီး အပူဒဏ်ကို ခေတ္တရှောင်ကွင်းခဲ့ကြတာပါ။
အဲဒီပိတ်စက ခရီးသွားတွေကို နေရောင်ခြည် တိုက်ရိုက်ထိတွေ့မှုကို လျှော့ချပေးပြီးတော့ သက်သောင့်သက်သာရှိတဲ့ နေရာလေးတစ်ခုကို ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ခြေလှမ်း ၁၈ လှမ်းလို့ အဓိပ္ပာယ်ရတဲ့ ရှီဘာတီ ဆိုတဲ့အမည်ကို ချုံကင်းမြို့က ရေတွင်းတစ်ခုနဲ့ ‘မင်’ မင်းဆက်ခေတ် လူနေအဆောက်အဦတစ်ခုတို့ ကြား ခြေလှမ်း ၁၈ လှမ်းသာ ကွာဝေးတာကို အကြောင်းပြုပြီး ရှီဘာတီ လမ်းလို့ ခေါ်တွင်ခဲ့တာဖြစ်ပါတယ်။
ရှီဘာတီ လမ်းဟောင်းနေရာမှာ ချုံကင်းမြို့ရဲ့ ခေတ်ဟောင်း လူနေမှုအဆောက်အအုံလက်ရာတွေနဲ့ ဒေသခံ မုန့်ပဲသရေစာတွေကို စုံလင်စွာ မြင်တွေ့နိုင်ပါတယ်။