တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ရှီကျန်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လို့ခေါ်တဲ့ တိဗက်ဒေသမှာ ဒေသရိုးရာ ရှိုတုန်ပွဲတော်ကို တနင်္ဂနွေနေ့က ကျင်းပခဲ့ပါတယ်။
ဒေသမြို့တော် လာဆာမှာ တနင်္ဂနွေနေ့က အစပြု ကျင်းပခဲ့ရာ မှာ အဲဒီနေ့ မနက် ၇ နာရီ ဝန်းကျင်က ဒရဲပန် ဘုန်းတော်ကြီးကျောင်းက ဘုန်းတော်ကြီး အပါး ၁၀၀ ဟာ ဗုဒ္ဓရဲ့ ပုံတူရုပ်ပွားတော်ကို သယ်ဆောင်ပြီး တောင်ကုန်းဘေးမှာ ဖြန့်ချပြီးတော့ ပွဲတော်ကို စတင်ဖွင့်လှစ်ပေး လိုက်ပါတယ်။

သန့်ရှင်းစင်ကြယ်မှုနဲ့ မင်္ဂလာရှိမှုကို ပြဆိုတဲ့ တိဗက်ရိုးရာ အဖြူရောင် မာဖလာတွေကို ဝတ်ဆင်ပြီး အဲဒီဗုဒ္ဓပုံတော်ရှိရာကို စီတန်းကာ သွားရောက်ဖူးမြော်ကြပါတယ်။
၁၁ ရာစု အလယ်ပိုင်းလောက်မှာ စတင်ခဲ့တဲ့ ရှိုတုန်ပွဲတော်ဟာ တရုတ်နိုင်ငံရဲ့ မပျောက်ပျက်နိုင်တဲ့ ယဉ်ကျေးမှု အမွေအနှစ်တွေထဲက တစ်ခုအဖြစ် ၂၀၀၆ ခုနှစ်မှာ စာရင်းသွင်း သတ်မှတ်ခဲ့ပါတယ်။