ရောမမြို့ကို ခရီးသွားလုပ်ငန်းရဲ့ ထာဝရမြို့အဖြစ် မျှော်မှန်းထားတဲ့ နှစ်တစ်နှစ်မတိုင်ခင် လူအစည်ကားဆုံး အထိမ်းအမှတ်တစ်ခုဖြစ်တဲ့ ထရာဗီရေပန်းဆီ ဝင်ရောက်ခွင့်ကို ကန့်သတ်ဖို့ စဉ်းစားနေတယ်လို့ မြို့တော် ကောင်စီရဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။
အီတလီနိုင်ငံရဲ့ မြို့တော်ဟာ ခရီးသွားတွေနဲ့ ဘုရားဖူး ၃၂ သန်းကို ဆွဲဆောင်ဖို့ မျှော်မှန်းထားတဲ့ တစ်နှစ်ကြာ ရိုမန်ကက်သလစ် ပွဲတော်ဖြစ်တဲ့ ၂၀၂၅ ခုနှစ် ဂျူဗလီပွဲတော်ကို ကျင်းပဖို့ ပြင်ဆင်နေတာပါ။
အစီအစဉ်မူကြမ်းအောက်မှာ ထရာဗီ ရေပန်းကို သွားရောက်လည်ပတ်သူတွေဟာ သတ်မှတ်ထားတဲ့ အချိန်နေရာတွေနဲ့ ရေပန်းပတ်ပတ်လည်က အဆင့်တွေကနေ ဝင်ရောက်ကြည့်ရှုခွင့်ရှိသူ ဦးရေကို အကန့်အသတ်နဲ့ ကြိုတင်စာရင်းသွင်းထားဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဘာစီလိုနာနဲ့ ဗင်းနစ်မြို့အပါအဝင် မြို့ကြီးတွေမှာ ခရီးသွားတွေနဲ့ဆိုင်တဲ့ ပြဿနာတွေကြောင့် ကန့်ကွက်ဆန္ဒပြမှုတွေနဲ့ ရင်ဆိုင်နေရပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေဟာ အခုနှစ်အတွင်း ဧည့်သည်တွေအတွက် ဝင်ကြေးကောက်ခံမှုအစီအစဉ်ကို စမ်းသပ်ခဲ့ပါတယ်။
ရောမကို ရောက်လာတဲ့ဧည်သည့်တွေဟာ ရောမကို ပြန်ရောက်ဖို့နဲ့ သူတို့ဆန္ဒတွေ ပြည့်စုံစေဖို့ ထရာဗီရေပန်းကို သွားရောက်ပြီး အကြွေစေ့တစ်စေ့ ပစ်ချတဲ့ ရိုးရာဓလေ့ ရှိပါတယ်။
ဒါကြောင့် ရေပန်းဟာ ကမ္ဘာ့ခေါင်းဆောင်တွေ အပါအဝင် လာရောက်လည်ပတ်သူတွေအတွက် အဓိက ဆွဲဆောင်မှုတစ်ခု ဖြစ်နေတာ ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။