ရွှေ့ပြောင်းနေထိုင်သူတွေဟာ စက်တင်ဘာ ၃ ရက်က လှေနစ်မြုပ်ပြီး အသေအပျောက်တွေရှိခဲ့ပေမဲ့ နောက်တစ်ရက်မှာ အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကူးဖို့ ထပ်မံကြိုးပမ်းခဲ့ပါတယ်။
ရေလက်ကြားဖြတ်ကူးဖို့ ကြိုးပမ်းသူတွေ ဟာ စက်တင်ဘာ ၄ ရက် မနက်ပိုင်းက ပြင်သစ်ရဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ စက်တင်ဘာ ၃ ရက်က ရေလက် ကြားဖြတ်ကူးပြီး ဗြိတိန်ကိုရောက်ဖို့ ကြိုးပမ်းမှုမှာတော့ လှေနစ်မြုပ်ပြီး အနည်းဆုံး ရွှေ့ပြောင်း ၁၂ ယောက် သေဆုံးခဲ့ပါတယ်။
တရားမဝင် နယ်စပ်ဖြတ်ကျော်ဝင်ရောက်မှု ကြီးကြပ်ရေးကို ကိုင်တွယ်ဖြေရှင်းတာဟာ ဗြိတိန်နဲ့ ပြင်သစ်အစိုးရနှစ်ရပ်စလုံးအတွက် ဦးစားပေးကိစ္စရပ် ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ခုနစ်ရက်အတွင်းကလည်း လှေငယ်တွေနဲ့ ဗြိတိန်ကို လူပေါင်း ၂၀၀၀ ကျော် ရောက်ရှိလာခဲ့တယ်လို့ ဗြိတိန်အစိုးရ ကိန်းဂဏန်းတွေအရ သိရပါတယ်။
ရွှေ့ပြောင်းနေထိုင်သူတွေ ကမ်းခြေက ထွက်ခွာတာကို တားဆီးဖို့ ကြိုးပမ်းနေတဲ့ ပြင်သစ်ရဲတွေနဲ့ ကမ်းခြေစောင့် တပ်တွေဟာ စက်တင်ဘာ ၄ ရက်က ဝီးမားအုပ်ကမ်းခြေမှာ ရှိနေခဲ့တာပါ။
အင်္ဂလိပ်ရေလက်ကြားဟာ ကမ္ဘာပေါ် မှာ ဖြတ်သန်းသွားလာမှုအများဆုံး သင်္ဘောလမ်းကြောင်းတွေထဲက တစ်ခုဖြစ်ပြီး ရေစီးကြောင်းတွေ အားကောင်းတဲ့အတွက် လှေငယ်တွေနဲ့ ဖြတ်ကူးတာကို အန္တရာယ်ဖြစ်စေပါတယ်။
ဩဂုတ်လအတွင်းက ရေလက်ကြားကို ဖြတ်ကူးဖို့ ကြိုးစားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တင်ဆောင်လာတဲ့ လှေတစ်စင်း အခက်အခဲနဲ့ ကြုံခဲ့ရပြီး နောက် လူနှစ်ယောက် သေဆုံးတာကို တွေ့ရှိခဲ့ရပါတယ်။