အိုက်စလန်နိုင်ငံမှာ သြဂုတ် ၂၅ ရက်က ရေခဲဂူပြိုကျမှုကြောင့် လူတစ်ယောက်သေဆုံးပြီး ပျောက်ဆုံးနေသူ နှစ်ယောက်ကို နောက်တစ်ရက်မှာ ဆက်လက်ရှာဖွေခဲ့ပါတယ်။
ပြိုကျနေတဲ့ ရေခဲလိုဏ်ဂူရဲ့ အခင်းဖြစ်ရာ နေရာမှာ အရေးပေါ် တုံ့ပြန်ရေး ဝန်ဆောင်မှုတွေ ပြုလုပ်နေပုံကို ဒရုန်းက ရိုက်ကူးပြတဲ့မြင်ကွင်းမှာ အခုလို မြင်တွေ့ရပါတယ်။
အခင်းဖြစ်ပွားချိန်က ရေခဲမြစ်အောက်က သဘာဝလိုဏ်ဂူအတွင်း နိုင်ငံအများအပြားက လူ ၂၅ ယောက်ပါဝင်တဲ့အဖွဲ့က လူတချို့ ရှိနေတယ်လို့ သိရပါတယ်။

ဒဏ်ရာရရှိသူ တစ်ယောက်ကို ဆေးရုံ ပို့ဆောင်ထား ပြီး အခြေအနေ တည်ငြိမ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သေဆုံးသူ၊ ပျောက်ဆုံးနေသူနဲ့ ထိခိုက်သူတွေဟာ ဘယ်နိုင်ငံတွေကလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
အနောက်ဥရောပရဲ့ အကြီးဆုံးရေခဲပြင် က အစိတ်အပိုင်းဖြစ်တဲ့ အိုက်စလန်တောင်ပိုင်းမှာ ရေခဲလိုဏ်ဂူ ပြိုကျခဲ့တာ ဖြစ်ပါတယ်။