ယူကရိန်းနိုင်ငံ Zaporizhzhya မြို့မှာ ရုရှားရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် အမျိုးသမီးတစ်ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ရုရှားအုပ်ချုပ်ရေးမှူး ပြောကြားထားတာကို Reuters သတင်းမှာ ပါရှိပါတယ်။ရုရှားဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလက ယူကရိန်းကို ကျူးကျော်ခဲ့တာကြောင့် ရုရှား-ယူကရိန်းစစ် စတင်ခဲ့တာပါ။

စစ်ပွဲအဆုံးသတ်ရေး တိုးတက်မှုကို ပြသဖို့အတွက် ရုရှားနဲ့ ယူကရိန်းနှစ်နိုင်ငံစလုံးက အမေရိကန် ဖိအားပေးမှုကို ရင်ဆိုင်နေရချိန်မှာ ရုရှားဘက်က အခုလို တိုက်ခိုက်တာတွေ ဖြစ်ပေါ်ခဲ့တာဖြစ်ပါတယ်။Zaporizhzhya မြို့ကို ဧပြီလ ၂၂ ရက်က ပဲ့ထိန်းဗုံး ၂ လုံး အသုံးပြုပြီး ရုရှားက လေကြောင်းတိုက်ခိုက်ခဲ့လို့ အမျိုး သမီးတစ်ယောက် သေဆုံးပြီး ကလေးလေးယောက် အပါအဝင် အခြား ၂၆ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဒေသ ဆိုင်ရာ အုပ်ချုပ်ရေးမှူးက ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် ရုရှားတပ်ဖွဲ့ဝင်တွေက ယူကရိန်းတောင်ပိုင်းနဲ့ အရှေ့ မြောက်ပိုင်းက မြို့တွေကို ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့တယ်လို့လည်း ဒေသဆိုင်ရာ တာဝန်ရှိသူတွေက ပြောကြားခဲ့ ပါတယ်။ ဒါတွေအားလုံးဟာ ရုရှားနိုင်ငံနဲ့ ရုရှားစစ်တပ်ရဲ့ တမင်သက်သက် အကြမ်းဖက်မှုတစ်ခု ဖြစ်တယ်လို့ ယူကရိန်းသမ္မတဇယ်လန်စကီးက မှတ်ချက်ပြု ထုတ်ဖော်ပြောကြားခဲ့ပါတယ်။