ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရိုဗာက မော်စကိုဟာ အီရန်နဲ့ကြီးမားတဲ့ စာချုပ် တစ်ရပ် ချုပ်ဆိုဖို ညှိနှိင်းလုပ်ဆောင်နေတယ်လို ဇွန် ၂၆ ရက်က ပြောဆိုခဲ့ပါတယ်။
ဇာခါရိုဗာရဲ့မှတ်ချက်က တီဟီရန်နဲ့ မော်စကိုတို့အကြား စေ့စပ်ညှိနှိုင်းနေတဲ့ ကျယ်ပြန့်တဲ့ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီ ချက်ကို ရည်ညွှန်းပါတယ်။
ရုရှား-အီရန် ဆက်ဆံရေး မကြုံစဖူး တိုးမြင့်လာမှုကို ရောင်ပြန်ဟပ်တဲ့ နှစ်နိုင်ငံကြား သဘောတူစာချုပ်သစ် တစ်ရပ် သဘောတူညီဖို နောက်ဆုံးအဆင့် ရောက်နေပြီလို ရုရှားနိုင်ငံခြားရေးဝန်ကြီး ဌာနက ဇန်နဝါရီမှာ ထုတ်ပြန်ခဲ့ပါတယ်။ ရုရှားနဲ့ အီရန်တိုဟာ ၂၀၀၁ ခုနှစ်မှာ နှစ်၂၀ မဟာဗျူဟာ သဘောတူညီ ချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၂၀ ပြည့်နှစ်မှာ ငါးနှစ်အထိ အလိုအလျောက်သက်တမ်းတိုးခဲ့ကြောင်း ရုရှား နိုင်ငံပိုင် TASS သတင်းဌာနက ဖော်ပြခဲ့ပါတယ်။
သဘောတူညီချက်အဟောင်းကို သဘောတူညီချက်အသစ်နဲ့ အစားထိုးဖို ၂၀၂၀ ပြည့်နှစ်က နှစ်ဖက်စလုံးက သဘောတူညီခဲ့ကြပါတယ်။ ၂၀၂၂ ခုနှစ်မှာ ယူကရိန်းကို ရုရှား ဝင်ရောက်တိုက်ခိုက်တဲ့အရေးနဲ့ ပတ်သက်လို ကိယက်ဗ်ရဲ့ မဟာမိတ်တွေက မော်စကိုအပေါ် နောက်ဆက်တွဲ ပိတ်ဆိုအရေးယူမှုတွေ ပြုလုပ်ပြီးနောက် ရုရှားနဲ့ အီရန်တိုဟာ ရင်းနှီးမြှုပ်နှံမှု၊ စစ်ရေးနဲ့ စွမ်းအင်ဆိုင်ရာ ဆက်ဆံရေးတွေကို ခိုင်မာစေခဲ့တယ်လို သိရပါတယ်။