အမေရိကန်ဘက်က အဆိုပြုထားတဲ့ ရုရှားနဲ့ယူကရိန်း သုံးနှစ်ကြာ စစ်ပွဲအတွက် အပစ်အခတ်ရပ်စဲရေး ကံကြမ္မာ က မသေချာမရေရာသေးသလို အပြန်အလှန် လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လက် ဖြစ်ပွားခဲ့တယ်လို့ Reuters သတင်းမှာ ဖော်ပြထားပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒဏ်ရာရသူတွေနဲ့ ထိခိုက်ပျက်စီးတာ တွေ ရှိခဲ့တယ်လို့ တာဝန်ရှိသူတွေက မတ်လ ၁၇ ရက် မနက်အစောပိုင်းမှာ ပြောကြားထားပါတယ်။အမေရိကန်အဆိုပြုထားတဲ့ ရက် ၃၀ ကြာအပစ်ရက်စဲရေးကို ယူကရိန်းဘက်က သဘောတူ လက်ခံခဲ့ပေမယ့် ရုရှားသမ္မတ ဗလာဒီမာပူတင်က အဆိုပြုချက်ကို မူအရသာ လက်ခံထားပေမယ့် သေချာတဲ့ ဆုံးဖြတ်ချက်ချတာ မတွေ့ရသေးဘူးလို့ လေ့လာသူတွေက သုံးသပ်ပြောကြားထားပါတယ်။

နှစ်ဖက်စလုံးက လေကြောင်းတိုက်ခိုက်မှုတွေ ပြင်းပြင်းထန်ထန်ပြုလုပ်ခဲ့ကြပြီး ရုရှားက သူ့နိုင်ငံ အနောက်ဘက် Kursk ဒေသမှာရှိတဲ့ ယူကရိန်းတပ်ဖွဲ့တွေကို စစ်မြေပြင်ကနေ အမြန်ဆုံးဖယ်ရှားဖို့ ကြိုးပမ်းနေ ပါတယ်။ရုရှားနယ်စပ် Belgorod ဒေသကိုလည်း ယူကရိန်းက ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် အသက် ၇ နှစ်အရွယ် ကလေးတစ်ယောက် အပါအဝင် လူ ၃ ယောက် ဒဏ်ရာရခဲ့တဘ်လို့ ဒေသဆိုင်ရာ အုပ်ချုပ်ရေးမှူး တစ်ယောက်က ပြောကြားထားပါတယ်။