အမေရိကန်နဲ့ ယူကရိန်းဘက်ကတာဝန်ရှိသူတွေဟာ ဆော်ဒီအာရေးဘီးယားနိုင်ငံမှာ ငြိမ်းချမ်းရေး ဆွေးနွေး မှုတွေ ပြုလုပ်ပြီးနောက် ယူကရိန်းက အမေရိကန်အဆိုပြုတဲ့ တစ်လကြာ အပစ်အခတ်ရပ်စဲရေးကို လက်ခံကြောင်း သမ္မတဇယ်လန်းစကီးရဲ့ ပြောကြားမှုကို ကိုးကားပြီး BBC ကဖေါ်ပြထားပါတယ်။

ယူကရိန်းနိုင်ငံက လက်ခံတဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်မှာ ဝေဟင်နဲ့ရေပြင်မှာ တိုက်ခိုက်တာ မပါဝင်ဘဲ ရုရှားနဲ့ ရှေ့တန်းစစ်မျက်နှာတစ်ခုလုံးမှာ တိုက်ခိုက်တာရပ်စဲဖို ပါဝင်တယ်လို ဇယ်လန်စကီးက ဆိုပါတယ်။ဒါဟာ အပြုသဘောဆောင်တယ်လို ကျွန်တော်တို ယူဆတယ်လို သမ္မတဇယ်လန်းစကီးက ပြောပါတယ်။ အမေရိကန်အနေနဲ့ အပစ်အခတ်ရပ်စဲဖို ရုရှားကို နားချရမှာဖြစ်ပြီး ရုရှားက သဘောတူ တာနဲ့ အပစ်အခတ်ရပ်စဲမှု စတင်မယ်လို ယူကရိန်းသမ္မတကဆိုပါတယ်။
ထောက်လှမ်းရေးသတင်းတွေ မျှဝေမှု ရပ်ဆိုင်းထားတာ ချက်ချင်း ရုတ်သိမ်းပြီး ယူကရိန်းကို လုံ ခြုံရေးအကူအညီပေးမှု ပြန်လည်စတင်မယ်လို ဆွေးနွေးမှုအပြီး ယူကရိန်းနဲ့ ပူးတွဲထုတ်ပြန်ချက်တစ်ခု မှာ အမေရိကန်ဘက်က ပြောပါတယ်။

စစ်ပွဲအဆုံးသတ်ဖို ရုရှားနိုင်ငံအပေါ် မူတည်နေပြီလို အစည်းအဝေးအပြီးမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက ပြောပါတယ်။ယူကရိန်းသမ္မတဇယ်လန်းစကီးက ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ပထမခြေလှမ်းအဖြစ် လက်ခံမယ်လို မတ်လ၁၂ရက်နေ့က ပြောကြားခဲ့ပါတယ်။ အမေရိကန်သမ္မတထရမ့်ကလည်း ရက်ပေါင်း ၃၀ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအပေါ် ပူတင်ဘက်က ပြန်လည်တုံပြန်မယ့် စကားကို စောင့်မျှော်နေတာဖြစ်ပါတယ်။