ရုရှားနိုင်ငံတောင်ပိုင်း ဒါဂျက်စတန်ဒေသမှာ ဇွန် ၂၃ ရက်က သေနတ်သမားတွေ ပစ်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခြောက်ယောက် သေဆုံးပြီး ၁၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ရုရှားပြည်ထဲရေးဝန်ကြီးဌာနရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရုရှားသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။
သေနတ်သမားတွေက အော်သိုဒေါ့ ခရစ်ယာန်ဘုရား ကျောင်းတစ်ခုနဲ့ ဂျူးဘုရားကျောင်းတစ်ခုတို့ကို ပစ်မှတ်ထားပြီး ဆက်တိုက် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ခိုက်ခံရတဲ့ ဂျူးဘုရားကျောင်းက မီးခိုးတွေ ထွက်နေတဲ့ ဗီဒီယိုထွက်ပေါ်လာခဲ့တာကို ရိုက်တာသတင်း ဌာနက အခင်းဖြစ်နေရာ ဟုတ်မှန်ကြောင်း အတည်ပြုခဲ့ပါတယ်။
ဒါဂျက်စတန်ဒေသရဲ့ မာခါချာကလာက လမ်းတစ်လမ်းပေါ်မှာလည်း အနက်ရောင်ဝတ်စုံနဲ့ လူတွေက ပစ်ခတ်ခဲ့ပြီးနောက် အရေးပေါ်ကားတွေ ရောက်လာ တဲ့ သက်သေဗီဒီယို ထွက်ပေါ်ခဲ့ပါတယ်။
မာခါချာကလာဟာ ကက်စပီယံပင်လယ်က မွတ်ဆလင်အများစု နေထိုင်ရာ ဒါဂျက်စတန်ရဲ့ အုပ်ချုပ်ရေးမြို့ဖြစ်ပြီး လမ်းပေါ်မှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တယ်လို့ ရုရှားသတင်းအေဂျင်စီတွေက ဖော်ပြခဲ့ပါတယ်။