ရုရှားသမ္မတ ဗလာဒီမာပူတင်ဟာ သြဂုတ်လ ၂၀ ရက်က နိုင်ငံမြောက်ပိုင်း အိုဆက်တီးရှားဒေသက ဘီဆလန်မြို့ ကို သွားရောက်ခဲ့ပြီး ၂၀၀၄ ခုနှစ်က စာသင်ကျောင်းတွေ တိုက်ခိုက်ခံရမှုအတွင်း သေဆုံးခဲ့ရသူတွေရဲ့ အောက်မေ့ ဖွယ် အထိမ်းအမှတ်အခမ်းအနားကို တက်ရောက်ခဲ့ပါတယ်။

ပူတင်ဟာ သေဆုံးခဲ့သူ ၃၀၀ ကျော်အနက် ၂၅၀ ကျော်ကို မြှုပ်နှံထားတဲ့ အောက်မေ့ဖွယ်နေရာမှာ ဒူးထောက်ပြီး ဆုတောင်းခဲ့ပါတယ်။ ဖြစ်ရပ်ဆိုးဖြစ်ပွားခဲ့တဲ့ ဘီလ်ဆန် အမှတ်(၁)ကျောင်းကိုလည်း သွားရောက်ခဲ့ပါတယ်။

၂၀၀၄ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့မှာ ချေချင်း ညာက ရုရှားတပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုတဲ့ စစ်သွေးကြွတွေဟာ စာသင်နှစ်အစ ပွဲတော်ကို ဆင်နွှဲနေတဲ့ ကလေး၊မိဘနဲ့ ဆရာ ၁၁၀၀ လောက်ကို ထိန်းချုပ်ထားခဲ့ပါတယ်။

သူတို့ဟာ ကျောင်းအားကစားရုံကို ဖောက်ခွဲရေး ပစ္စည်းတွေနဲ့ ချည်နှောင်ထားပြီး လူတွေကို ဓားစာခံအဖြစ် သုံးရက်ကြာ ဖမ်းဆီးထားကာ အမျိုးသား ဓားစာခံ များစွာကို သတ်ဖြတ်ခဲ့ပါတယ်။

စက်တင်ဘာ ၃ ရက်မှာ ရုရှားတပ်တွေ ဝင်ရောက်လာပြီးနောက် ဗုံးပေါက်ကွဲမှု တွေ ဆက်တိုက်ဖြစ်ပွားကာ သွေးထွက်သံယို ပစ်ခတ်မှုတွေနဲ့ ဝိုင်းရံထားမှုဟာ အကျည်းတန်စွာ အဆုံးသတ်ခဲ့ ပါတယ်။ ဖြစ်စဉ်ကြောင့် ကလေး ၁၈၆ ယောက် အပါအဝင် ဓားစာခံ ၃၃၀ ကျော် အသက်ဆုံးရှုံးခဲ့တာအတွက် အမှတ်တရ အခမ်းအနား ကျင်းပခဲ့တာ ဖြစ်ပါတယ်။