ယူအေအီးနိုင်ငံဟာ ဂါဇာကမ်းမြောင်ကို လူသားချင်းစာနာမှုနဲ့ ဆေးဘက်ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းတွေကို အရစ်ချ်လေဆိပ်ကတစ်ဆင့် ဇူလိုင် ၄ ရက်က ပေးပို့ခဲ့ပါတယ်။

ဝန်းရံခံ ပါလက်စတိုင်းနယ်မြေပေါ် နောက်ထပ် လေကြောင်းက အထောက်အပံ့တွေ ချပေးဖို့ ပြင်ဆင်နေတယ်လို့ အမ်းမရိတ်လေကြောင်းစစ်ဆင်ရေးမှူး ဗိုလ်မှူးကြီး ဆာအိဒ် အဲလ်ရှမ်ဆီက ရိုက်တာကို ပြောပါတယ်။

အခုအချိန်အထိ လေယာဉ်နဲ့ အထောက်အပံ့ ချပေးခဲ့ပြီး နောက်ထပ် စစ်ဆင်ရေးတွေအတွက် ပြင်ဆင်နေတာလို့ ရှင်းပြခဲ့ပါတယ်။ အစ္စရေးရဲ့စစ်ဆင်မှုကြောင့် ပျက်စီးသွားတဲ့ ပါလက်စတိုင်းပိုင်နက်ကို ကုလသမဂ္ဂအကူအညီတွေဟာ အီဂျစ်ကနေ ဂါဇာတောင်ပိုင်းကို ဝင်ရောက်မဲ့ အဓိကတံခါးပေါက်ဖြစ်တဲ့ ရာဖာကနေ စီးဆင်းရတာပါ။
ရာဖာကို အစ္စရေး ထိုးစစ်ဆင်ချိန်ကစပြီး အကူအညီတွေရောက်ဖို့ အကြီးအကျယ် အခက်ကြုံနေရပါတယ်။

ငတ်မွတ်ခေါင်းပါးမှု ဖြစ်လာနိုင်ကြောင်း လူသားချင်းစာနာမှုအေဂျင်စီများက သတိပေးထားပြီး အစ္စရေးကို အကျပ်အတည်း ဖြေလျှော့ဖို့ ကမ္ဘာလုံးဆိုင်ရာ ဖိအားတွေ တိုးလာနေဆဲဖြစ်ပါတယ်။