ယူကရိန်းရဲ့ အက်ဖ်-၁၆ တိုက်လေယာဉ်တစ်စင်းဟာ တနင်္လာနေ့က ပျက်ကျပျက်စီးသွားခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ယောက်က ရိုက်တာကို အတည်ပြုပြောဆိုပါတယ်။
အဲဒီလေယာဉ်ပျက်ကျမှုမှာ တိုက်လေယာဉ်မှူး အိုလက်ဆီ မက်တ်စ်လည်း သေဆုံးသွားခဲ့ရပါတယ်။
တာဝန်ရှိသူရဲ့ ပြောဆိုချက်အရ တိုက်လေယာဉ်ပျက်ကျရတဲ့ အကြောင်းရင်းဟာ ရုရှားရဲ့ပစ်ခတ်မှုကြောင့် ဟုတ်ဖွယ်ရာမရှိဘူးလို့ ပြောပါတယ်။

တိုက်လေယာဉ်ပျက်ရတဲ့ အကြောင်းရင်းကို စိစစ်လေ့လာနေဆဲဖြစ်ပြီး လေယာဉ်မှူးကြောင့်လား စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှုကြောင့်လားဆိုတာကို စုံစမ်းသွားမယ်လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်အပေါ်မှာ ယူကရိန်းလေတပ်က လတ်တလောမှာ မှတ်ချက်ပေးတာမျိုး မရှိသေးပါဘူး။